ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ အသိပညာများကို ပိုမိုနားလည်တတ်ကျွမ်းထားခြင်းသည် မိမိတို့၏ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး၊ ကိုယ်ပိုင်လူနေမှုဘဝကိုလည်း မြှင့်တင်နိုင်လိမ့်မည်ဟု Visa မှ ယုံကြည်ထားပါသည်။ ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့အစည်းများ၊ စားသုံးသူအကျိုးဆောင် အကြံပေးပညာရှင်များ၊ ပညာပေးဝေမျှသူများ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ Visa သည် အသိအမှတ်ပြု ဆုတံဆိပ်ရရှိထားသော တစ်ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ရပ်ကို ရေးဆွဲထားပါသည်။ Practical Money Skills (ငွေကြေးဆိုင်ရာလက်တွေ့အသုံးချ ကျွမ်းကျင်မှုများ) သည် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ပညာရေးဆိုင်ရာ အရင်းအမြစ်များပါဝင်သည့်အတွက် လူတစ်ဦးချင်းအနေနှင့်သော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများအတွက်သော်လည်းကောင်း၊ ပိုမိုကောင်းမွန်စိတ်ချရသည့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အနာဂတ်များတည်ဆောက်ရန် ကူညီပေးနိုင်ပါသည်။
Visa သည် ငွေကြေးဆိုင်ရာအတတ်ပညာနယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သူတစ်ဦးအနေဖြင့် လွန်ခဲ့သည့် ၂၁နှစ်တာကာလအတွင်း ကမ္ဘာအနှံ့ရှိ လူကြီးလူငယ်အားလုံးအတွက် ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။ Practical Money Skills (ငွေကြေးဆိုင်ရာ လက်တွေ့အသုံးချမှုကျွမ်းကျင်မှုများ) သည် နိုင်ငံပေါင်း ၄၂ နိုင်ငံတွင် ဘာသာစကား ၁၆ မျိုးနှင့် ရရှိနိုင်ပြီး၊ သန်းနှင့်ချီသောသုံးစွဲသူများ၊ ပညာပေးဝေမျှသူများ၊ မိဘများနှင့် ကျောင်းသားများအနေဖြင့် မိမိတို့၏ ငွေကြေးကို ထိန်းချုပ်နိုင်စေရန် ကူညီဆောင်ရွက်ပေးသည်။ ထိုအခမဲ့ ပညာရေးဆိုင်ရာ အရင်းအမြစ်များတွင် တစ်ဦးချင်းအတွက် သီးသန့်ငွေကြေးဆိုင်ရာ ပညာပေးဆောင်းပါးများ၊ သင်ခန်းစာအစီအစဉ်များ၊ မိုဘိုင်းအက်ပလီကေးရှင်းများနှင့် ကစားနည်းများ ပါဝင်ပါသည်။
Visa သည် ဦးစီးဦးဆောင်လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းကာ ၎င်း၏ အစီအစဉ်ကို ကမ္ဘာတစ်ဝန်းအတိုင်းအတာအထိ ပိုမိုကျယ်ပြန့်စွာထိရောက်မှုရှိစေရန် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားအရှိန်အဝါဖြင့် Visa သည် ကမ္ဘာ့ဖလား (World Cup) သဏ္ဍာန် Financial Soccer game (ငွေကြေးဆိုင်ရာဘောလုံးကစားပွဲ) ကို ဖန်တီးခဲ့ကာ၊ နိုင်ငံပေါင်း ၄၂ နိုင်ငံတွင် ဒေသနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ဘာသာစကားပေါင်း ၁၅ မျိုးဖြင့် ပြန်ဆိုခဲ့ပြီး၊ အစိုးရများမှ အသုံးပြုခဲ့ပါသည်။ Visa သည် ပြည်နယ်ပေါင်း ၄၉ ခုရှိ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ကာ လူကြိုက်အများဆုံး NFL သဏ္ဍာန် Financial Football game (ငွေကြေးဆိုင်ရာဘောလုံးကစားပွဲ) ကို ဖြန့်ချီခဲ့ပြီး၊ အထက်တန်း နှင့် အလယ်တန်း ကျောင်းပေါင်း ၃၀,၀၀၀ နီးပါးအတွက် သင်ရိုးညွှန်းတန်းကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။
Visa သည် အဖွဲ့အစည်းများအကြား ဆယ်စုနှစ်တစ်ခုကြာ ပူးပေါင်းဆောင်ရွက်လာမှုကို ဂုဏ်ပြုသည့်အနေဖြင့် ချီကာဂိုမြို့မှ Federal Reserve Bank နှင့် ပူးပေါင်းကာ နှစ်ပတ်လည် ကမ္ဘာ့ငွေကြေးဆိုင်ရာအသိပညာ ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ငွေကြေးဆိုင်ရာအသိပညာတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါပွဲတွင် အရှိန်အဝါကြီးမားသောခေါင်းဆောင်များ၊ မူဝါဒချမှတ်သူများနှင့် အမှုဆောင်အရာရှိများ တွေ့ဆုံ ခဲ့ကြသည်။ Visa ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးကဏ္ဍအသိပညာပေး လုပ်ဆောင်ချက်များမှတစ်ဆင့် Visa သည် တစ်ဦးချင်းစီ၏ ငွေကြေးစီမံမှုစွမ်းရည်ကို မြှင့်တင်ပေးကာ၊ သန်းနှင့်ချီသော လူများအတွက် ပိုမိုကောင်းမွန်ခိုင်မာသော ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အနာဂတ်များရရှိစေခဲ့သည်။
ပိုမိုသိရှိလိုပါက info@practicalmoneyskills.com သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။