Visa သည် ဆန်းသစ်သော ငွေပေးချေမှုနည်းလမ်းများဖြင့် ကမ္ဘာတစ်ဝန်းရှိ လူများကို ဆက်သွယ်ပေးလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးနှင့်သက်ဆိုင်သည့် အသိပညာပေးဦးဆောင်မှုများဖြင့် Visa ၏ ဆုချီးမြှင့်ခြင်းခံထားရသည့် “Practical Money Skills” အစီအစဉ်သည် သုံးစွဲသူများ၊ ပညာပေးဝေမျှသူများ၊ ဘဏ်များနှင့် အစိုးရများကို ၎င်းတို့ လိုအပ်သည့်နည်းလမ်းများ၊ အရင်းအမြစ်များနှင့် ချိတ်ဆက်ပေးရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် လူတစ်ဦးတစ်ယောက်ချင်းနှင့် အဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုများ တိုးတက်ရန်လည်း ကူညီပေးလျက်ရှိသည်။ ငွေကြေးနှင့် သက်ဆိုင်သည့်အရာများကို ပိုမိုနားလည်ခြင်းသည် ငွေကြေးပိုမိုထိရောက်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး လူနေမှုဘဝများကို တိုးတက်ကောင်းမွန်စေသည်ဟု Visa မှ ယုံကြည်ထားသည်။