မြန်မာနိုင်ငံသား အနည်းစုမှာ ငွေစာရင်းရေးဆွဲ၍ စီမံသုံးစွဲတတ်ကြသော်လည်း အများစုမှာ စိတ်မှန်းဖြင့်သာ တွက်ချက်သုံးစွဲကြသည်။ စာရွက်ပေါ်တွင် သို့မဟုတ် အခြေခံစာရင်းဇယားပေါ်တွင် ငွေစာရင်းရေးဆွဲထားခြင်းသည် အနာဂတ်တွင် ငွေကြေးလုံခြုံခိုင်မာမှုရှိစေရန်အတွက် အလွန်အရေးပါသည်။  အသေးစိတ်ရေးဆွဲထားသော ငွေစာရင်းတစ်ခုသည် မိမိ၏ ကိုယ်ပိုင်ငွေကြေးစီမံမှုအတွက် အဓိကသော့ချက်ဖြစ်သည်။ ကားဝယ်ရန်အတွက်သော်လည်းကောင်း၊ အိမ်ဝယ်ရန်အတွက်သော်လည်းကောင်း၊ ကျောင်းစရိတ်ချေးငွေပေးချေရန်အတွက်သော်လည်းကောင်း တိကျသော လစဉ်ငွေစာရင်းရေးဆွဲခြင်းသည် မိမိ၏ ငွေကြေးစီမံမှုအပေါ် များစွာအထောက်အကူဖြစ်စေသည်။ ပြုစုထားသောငွေစာရင်းအတိုင်း လိုက်နာသုံးစွဲခြင်းသည် နှစ်စဉ် ကျပ်ထောင်သောင်းနှင့်ချီ၍ စုဆောင်းနိုင်စေပြီး၊ အလွန်အကျွံ သုံးစွဲမိခြင်းမှလည်း ရှောင်ရှားနိုင်စေသည်။ 

စာရင်းရေးဆွဲခြင်းသည် ရှုပ်ထွေးမှု ရှိနိုင်ပါသည်။ သို့ရာတွင် ၎င်းသည် လူတိုင်းအတွက် အခြေခံဘဏ္ဍာရေးကျွမ်းကျင်မှုတစ်ရပ်ပင် ဖြစ်ပါသည်။ မိမိအနေဖြင့် ဝင်ငွေအပေါ် လက်ကျန်ငွေကုန်သည့်တိုင်အောင် သို့မဟုတ် နောက်ဆုံးကျပ် ၁၀၀ ကျန်သည်အထိ ငွေစာရင်းကိုသင့်လျော်သလိုရေးဆွဲစီမံနိုင်သည်။ အရေးအကြီးဆုံးမှာ ငွေစာရင်းရေးဆွဲရန် လက်တွေ့အလေ့အကျင့်ရှိဖို့သာ လိုအပ်သည်။   မိမိ၏ သုံးစွဲမှုကို မှတ်သားထားခြင်းသည် ငွေစာရင်းကိုစီမံခန့်ခွဲရာတွင် အလွန်အရေးပါသည်။  

ပထမဦးစွာ သင့်၏ ငွေစာရင်းရေးဆွဲခြင်းအသိပညာကို စမ်းသပ်ကြည့်ကြပါစို့။

line segement

မျှဝေမည်

ငွေစာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံအချက်များ
သင်ယူလေ့လာရန်

ငွေစာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံအချက်များ

အကယ်၍ သင့်အနေဖြင့် ငွေစာရင်းရေးဆွဲခြင်း အတွေ့အကြုံမရှိသေးပါက ငွေစာရင်း၏အဓိပ္ပါယ်နှင့် ယင်းသို့ရေးဆွဲခြင်းကြောင့်…

ငွေစာရင်းမှတ်သားထားခြင်း
သင်ယူလေ့လာရန်

ငွေစာရင်းမှတ်သားထားခြင်း

ငွေစာရင်းတစ်ခုကို ရေးဆွဲထားသည့်အတိုင်း လိုက်နာသုံးစွဲခြင်းသည် ခိုင်မာသော ဘဏ္ဍာရေးအခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်ရာတွင်…