အကယ်၍ သင့်အနေဖြင့် ငွေစာရင်းရေးဆွဲခြင်း အတွေ့အကြုံမရှိသေးပါက ငွေစာရင်း၏အဓိပ္ပါယ်နှင့် ယင်းသို့ရေးဆွဲခြင်းကြောင့် ဝင်ငွေနှင့် သုံးစွဲမှုများကိုသုံးသပ်ရန် အထောက်အကူပြုသည်ကို နားလည်ရန်အရေးကြီးသည်။ ငွေစာရင်းရေးဆွဲခြင်းဆိုသည်မှာ ဝင်ငွေနှင့် သုံးစွဲငွေများကို စာရင်းတွင်ထည့်သွင်းပေးပြီး၊ သင်သည် အချိန်ကာလအပိုင်းအခြားတစ်ခုအတွင်း မည်မျှငွေဝင်၍ မည်မျှသုံးစွဲသည်ကို ခန့်မှန်းတွက်ချက်ပေးသည့် ငွေကြေးစီမံမှုတစ်ခုပင်ဖြစ်သည်။
တစ်နှစ်စာ ငွေစာရင်းမရေးဆွဲမီ ပထမအဆင့်အနေဖြင့် သင်၏ငွေကြေးအခြေအနေကို ချိန်ဆကြည့်ခြင်း၊ လိုအပ်ချက်များနှင့် လိုလားချက်များအကြား ခွဲခြမ်းကြည့်ခြင်းတို့သည် အရေးပါသည်။ အလွန်အကျွံသုံးစွဲထားသည့်အပိုင်းကို သိရှိခြင်းအားဖြင့် မိမိအတွက် စဉ်းစားဆင်ခြင်နိုင်မည့် အတွေ့အကြုံကောင်းတစ်ရပ် ရရှိနိုင်ပါသည်။ ငွေစာရင်းတစ်ခုကိုရေးဆွဲပြီး ယင်းအတိုင်း လိုက်နာသုံးစွဲခြင်းသည် ငွေကြေးစုဆောင်းနိုင်စေပြီး သင်၏ ရေတို၊ ရေရှည် ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များကိုလည်း ပြည့်ဝစေပါမည်။ ၎င်းမှာ တစ်ကြိမ်တစ်ခါသာ လုပ်ဆောင်ရမည့် အလေ့အကျင့်တစ်ရပ်မဟုတ်ပါ။ မိမိတွင် ငွေကြေးအခက်အခဲရှိပါက အကြိမ်ကြိမ် အဖန်ဖန် ငွေစာရင်းတွက်ချက်ခြင်းဖြင့် မိမိ၏ လက်ရှိအခြေအနေကို ခန့်မှန်းနိုင်လိမ့်မည်။
စတင်ရန် အဆင်သင့်ဖြစ်ပြီလား။အောက်ပါအဓိကအပိုင်းများကို နားလည်သဘောပေါက်ခြင်းခြင်းဖြင့် သင်၏ လစဉ် သို့မဟုတ် နှစ်စဉ် ငွေစာရင်းတစ်ခုရေးဆွဲရန် အထောက်အကူပြုပါလိမ့်မည်။
နောက်တစ်ဆင့်မှာ ဖော်ပြပါအခြေခံငွေစာရင်းဇယား (Budget Worksheet) ကိုအသုံးပြု၍ သင်၏ လစဉ် ငွေစာရင်းရေးဆွဲရန်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ရေးဆွဲထားသောငွေစာရင်းနှင့်အညီ လိုက်နာသုံးစွဲနိုင်ခြင်းမရှိပါက သင်သည် သုံးသင့်သည်ထက် ပိုမိုသုံးစွဲနေခြင်း သို့မဟုတ် သင်၏ ငွေစာရင်းပုံစံသည် နည်းလမ်းမကျသေးသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ အချိန်ယူကာ လစဉ်ငွေစာရင်းကို ပြန်လည်လေ့လာသုံးသပ်ပြီး သင့်အတွက် အဆင်ပြေအောင် ရေးဆွဲရမည်ဖြစ်သည်။
အကယ်၍ သင့်အနေဖြင့် သီးသန့်ရည်မှန်းချက်များအတွက် ငွေစာရင်းရေးဆွဲလိုပါက ဖော်ပြပါ ငွေစာရင်းတွက်ချက်နည်းများကို စမ်းသပ်ကြည့်လိုက်ပါ။ ၎င်းတို့သည် သင်၏ ငွေကြေးကို စီမံခန့်ခွဲရန်နည်းလမ်းများအတွက် အလွန်အသုံးဝင်မည့် တွက်ချက်နည်းများ ဖြစ်သည်။