ငွေစာရင်းတစ်ခုကို ရေးဆွဲထားသည့်အတိုင်း လိုက်နာသုံးစွဲခြင်းသည် ခိုင်မာသော ဘဏ္ဍာရေးအခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်ရာတွင် အဓိကျသည်။ ၎င်းသည် သင်၏ ဘဝတစ်လျှောက်အတွက် ကောင်းမြတ်သော အလေ့အထ တစ်ရပ်ပင်ဖြစ်သည်။ အမှန်တကယ်တွင် သင်၏ ငွေကြေးစီမံခန့်ခွဲရမှု၊ တာဝန်ယူရမှုကဏ္ဍများသည်လည်း အသက်အရွယ်အလိုက် ပြောင်းလဲသွားပေလိမ့်မည်။ သင်သည် ကျောင်းသားတစ်ယောက်ဖြစ်စေ၊ မိဘတစ်ယောက်ဖြစ်စေ၊ အလုပ်စဝင်သူ တစ်ယောက်ဖြစ်စေ၊ အငြိမ်းစားတစ်ယောက်ဖြစ်စေ မည်သည့်အသက်အရွယ်တွင်မဆို သင်၏ ငွေကြေးဆိုင်ရာရည်မှန်းချက်များကို မည်သို့ချမှတ်ပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်မည်ကို ဖော်ပြပါနည်းလမ်းများဖြင့် စမ်းသပ်ကြည့်ပါ။

buying a home

ကျောင်းသားများအတွက် နည်းလမ်းများ
  ကျောင်းသားလူငယ်များနှင့် ဘွဲ့ရကာစလူငယ်များတွင် ငွေစာရင်းရေးဆွဲသည့်အလေ့အကျင့် ခိုင်မာစွဲမြဲလာရေးသည် မရှိမဖြစ်လိုအပ်သည်။ သင့်အနေဖြင့် ကျောင်းစရိတ်ချေးငွေကို ပေးဆပ်နေရသည်ဖြစ်စေ၊ ကားဝယ်ရန် စုဆောင်းနေသည်ဖြစ်စေ၊ ပထမဆုံးတိုက်ခန်းငှားရမ်းရန် ပြင်ဆင်နေသည်ဖြစ်စေ လစဉ်ရည်မှန်းချက်များ ပြည့်မီအောင်လုပ်ဆောင်ခြင်းသည် သင်၏ တိုးတက်မှုနှင့် အောင်မြင်မှုတစ်ခုခြင်းစီကို ထင်ဟပ်စေသည်။ ကျောင်းသားတစ်ဦးအနေဖြင့် မိမိ၏ ငွေကြေးဆိုင်ရာ ဦးစားပေးရမည့်အကြောင်းအရာများကို နားလည်ထားရန် အရေးကြီးပါသည်။ ဥပမာဆိုရသော် သင်၏ မိဘများက နေထိုင်မှုစရိတ်ပေး၍ အိမ်ငှားခကို မိမိက ကျခံရခြင်းမျိုးဖြစ်သည်။ အလားတူ အစားအသောက်အတွက် ပထမဦးဆုံး ကိုယ်တိုင်ချက်ပြုတ်စီစဉ်ရခြင်းမျိုး ဖြစ်သည်။ ဤသို့ ငွေကြေးကိုစနစ်တကျသုံးစွဲခြင်းဖြင့် မိမိတာဝန်ကို ကိုယ်တိုင်လည်းဆောင်ရွက်လာနိုင်သည်။

ကျောင်းသားတစ်ဦးအနေဖြင့် ငွေစာရင်းအကြောင်း ပိုမိုလေ့လာခြင်း

အလုပ်စဝင်သူတစ်ဦးအနေဖြင့် အစီအစဉ်ရေးဆွဲခြင်း
  သင် နှစ်သက်သောအလုပ်ကို ရရှိလိုက်သော်လည်း လစာကို မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို စဉ်းစားနေပါသလား။ လုပ်ငန်းသစ်တစ်ခုစတင်ချိန်သည် ရည်မှန်းချက်များထားရှိရန်နှင့် ရရှိလာသောငွေကြေးကို အမြော်အမြင်ရှိစွာ သုံးစွဲတတ်ရန် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ ဝင်ငွေနှင့် အသုံးစရိတ်များ ပြောင်းလဲလာမှုအပေါ်ချိန်ဆ၍ သင်၏ ငွေစာရင်းကို ပြန်လည်သုံးသပ်ပါ။ အသုံးစရိတ်များကိုလျော့ချကာ စုဆောင်းငွေများတိုးမြှင့်နိုင်မည့် အရာများအပေါ် သုံးသပ်ပါ။ ထို့အပြင် အလုပ်ရှင်မှ ပေးအပ်သည့် ကျန်းမာရေးအကျိုးခံစားခွင့်များကို ရယူပါ။

အလုပ်ရှင်အကျိုးခံစားခွင့်များအကြောင်း လေ့လာခြင်း

မိဘများအတွက် စိန်ခေါ်မှုများ
  မိဘဖြစ်ရခြင်းသည် ဘဝတွင် ပျော်ရွင်မှုများစွာကိုပိုင်ဆိုင်စေပြီး၊ ကုန်ကျစရိတ်များစွာကိုလည်း ဖြစ်ပေါ်စေသည်။ ကလေးတစ်ဦးကို ပျိုးထောင်ရန်အတွက် ငွေကြေးအမြောက်အများ ကုန်ကျပါသည်။ မိဘတစ်ဦးဖြစ်လာရခြင်းသည် ငွေကြေးဆိုင်ရာတာဝန်ယူမှုများ များပြားလာပြီး မကြုံဖူးသေးသော စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်လာရသည်။ မိသားစုအတွက်မျှတပြီး စီမံခန့်ခွဲနိုင်သော ငွေစာရင်းတစ်ခုရေးဆွဲနိုင်ရန် တိကျ၍လက်တွေ့ဆန်သော ရည်မှန်းချက်များချမှတ်ပါ။ အရေးပေါ်သုံးစွဲရန်အတွက် စုဆောင်းငွေများ၊ ပညာရေးအတွက်စုဆောင်းငွေများ၊ အိမ်စရိတ်များနှင့် မိသားစုအပန်းဖြေခရီးများအပါအဝင် အမျိုးမျိုးသောကုန်ကျစရိတ်များအတွက် စီမံထားရှိပါ။ သင်၏ မိသားစုတိုးပွားလာသည်နှင့်အမျှ ကလေးတစ်ယောက် မူကြိုတက်ချိန်မှ ကောလိပ်ကျောင်းရောက်သည်အထိ ဘဝအပိုင်းအခြားတိုင်းအတွက် ငွေကြေးဆိုင်ရာစိန်ခေါ်မှုများစွာကို ကြုံတွေ့လာဖွယ်ရှိသည်။ တစ်နှစ်ပတ်လုံးအတွက် သင်၏ ငွေကြေးစာရင်းကို အဆင်ပြေစွာလည်ပတ်နိုင်ရန်နှင့် ပြန်လည်ချိန်ညှိရန်နည်းလမ်းများကို အားထုတ်၍ လေ့လာပါ။ ဤကဲ့သို့ပြုလုပ်ပါက ရေရှည်တွင် အကျိုးကျေးဇူးကောင်းများကို ခံစားရပေမည်။

အရေးပေါ်သုံးစွဲရန်အတွက် စုဆောင်းငွေ မည်သို့ထားရှိရမည်ကို လေ့လာပါ။

အငြိမ်းစားတစ်ဦးအနေဖြင့် ငွေစာရင်းတွက်ချက်ခြင်း
  အငြိမ်းစားယူမှုသည် သင့်၏ ငွေကြေးကဏ္ဍကို ပြောင်းလဲသွားစေနိုင်ပါသည်။ အငြိမ်းစားယူပြီးမည်သို့မည်ပုံနေထိုင်သုံးစွဲမည်ကို ကြိုတင်လေ့လာပြင်ဆင်ထားပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် သင်၏ အနာဂတ်အတွက် ငွေကြေးလုံခြုံမှု ရှိစေမည်ဖြစ်သည်။ အမှန်တကယ် အငြိမ်းစားယူခြင်းသည် သင်အလုပ်လုပ်ကိုင်သည့် နောက်ဆုံးနေ့ရက်မတိုင်မီအထိ နှစ်နှင့်ချီကာ ကြာမြင့်ပါသည်။ မိမိ၏ စုဆောင်းငွေအပေါ် အကျိုးသက်ရောက်မှုရှိစေမည့် လူမှုဖူလုံရေးခံစားခွင့်များ၊ ကျန်းမာရေး စောင့်ရှောင့်မှုအစီအစဉ်များနှင့် အစိုးရအစီအစဉ်များအပါအဝင် ဥပဒေသစ်များ အစရှိသည်တို့  ခံစားခွင့် ရှိ၊ မရှိ စောင့်ကြည့်လေ့လာပါ။ အငြိမ်းစားအများစုမှာ မိမိတို့၏ အသုံးစရိတ်များ လုံလောက်စေရန်အတွက် အချိန်ပိုင်း အလုပ်ကို ဆက်လက်လုပ်ကိုင်ကြပါသည်။ အငြိမ်းစားယူမှုသည် တစ်ယောက်နှင့် တစ်ယောက် မတူညီသော်လည်း နှစ်ပေါင်းများစွာအချိန်ယူ၍ ကြိုတင်စီမံကိန်းချထားခြင်းသည် စိတ်ချခိုင်လုံသော ငွေကြေးအခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မည့် အကောင်းဆုံး နည်းလမ်းတစ်ရပ်ဖြစ်သည်။

အငြိမ်းစားအချိန်အတွက် ကြိုတင်ပြင်ဆင်စီမံမှုဆိုင်ရာအကြောင်း ဆက်လက်ဖတ်ရှုရန်

မျှဝေမည်