သင်၏ ဘဏ္ဍာရေးကို ကာလအပိုင်းအခြားအလိုက် အကဲဖြတ်ခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါသည်။ အထူးသဖြင့် သင့်အနေဖြင့် ကားအသစ်တစ်စီး သို့မဟုတ် အိမ်ဝယ်ယူမှုကဲ့သို့သော တန်ဖိုးကြီးမားသော ဝယ်ယူမှုတစ်ရပ် ပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ ဝင်ငွေ သို့မဟုတ် ထွက်ငွေတို့တွင် ထူးခြားသောပြောင်းလဲမှုများရှိခဲ့ပါက ပိုမိုသင့်လျှော်သည်။ ကံကောင်းထောက်မစွာ လိုအပ်သောသတင်းအချက်အလက်အများစုမှာ သင်၏ လက်တစ်ကမ်းတွင်ပင် ရှိနေခြင်းဖြစ်သည်။ သင်၏ ငွေကြေးကဏ္ဍကို အကဲဖြတ်သောအခါ ကောင်းမွန်သောအနာဂတ်အတွက် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ယခုဖော်ပြပါအဆင့်များကို လိုက်နာပါ။
လစဉ် ငွေစာရင်းရေးဆွဲခြင်း
Budget Worksheet (ငွေစာရင်းဇယား) အသုံးပြုကာ သင့်၏ ဘဏ္ဍာရေးအခြေအနေကို စတင် အကဲဖြတ်ကြည့်လိုက်ပါ။
ငွေစာရင်းရေးဆွဲခြင်းအကြောင်း ဆက်လက်ဖတ်ရှုပါ။
အရေးပေါ်သုံးစွဲရန်အတွက် စုဆောင်းငွေတစ်ရပ်ထားရှိခြင်း
ငွေစာရင်းကိုရေးဆွဲပြီးနောက် အနာဂတ်အတွက် စုဆောင်းငွေများကို လျော့ပါးမသွားစေဘဲ ထိန်းသိမ်းထားနိုင်ရန်မှာ အရေးကြီးပါသည်။ အရေးပေါ် ပေါက်လာသောအသုံးစရိတ်တစ်ရပ်အတွက် သင့်ထံတွင် အပိုဆောင်းငွေရှိပါသလား။ အရေးပေါ်သုံးစွဲရန်အတွက် သုံးလမှခြောက်လအထိအသုံးစရိတ်နှင့်ညီမျှသော စုဆောင်းငွေတစ်ရပ်ထားရှိခြင်းသည် ခိုင်မာသော ဘဏ္ဍာရေးအခြေခံအုတ်မြစ်တစ်ရပ် တည်ဆောက်ရေးအတွက် သော့ချက်ပင်ဖြစ်သည်။ သင်၏ငွေကြေးကဏ္ဍကို စိစစ်ရေးဆွဲရာတွင် အရေးပေါ်သုံးစွဲရန်အတွက် စုဆောင်းငွေတစ်ရပ်ထားရှိပါ။ သို့မှသာ အမှတ်မထင်ပေါ်ပေါက်လာသော ကုန်ကျစရိတ်များအတွက် ကြိုတင်ပြင်ဆင်ထားရာ ရောက်ပေလိမ့်မည်။ လက်ရှိငွေ တိုးပွားလာစေရန်အတွက် လစဉ်ပုံမှန် စုဆောင်းနိုင်မည့်နည်းလမ်းများကို တွေးတောကြံဆကာ စတင်စုဆောင်းထားသင့်သည်။ စတင်ရန်အတွက် အရေးပေါ်သုံးစွဲရန်အတွက် စုဆောင်းငွေ တွက်ချက်နည်းကို ကြည့်ရှုပါ။
အကြွေးဝန်ထုပ်ကို စီမံခန့်ခွဲပါ။
အကယ်၍ သင့်အနေဖြင့် အိမ်ဝယ်စရိတ်လက်ကျန်အကြွေး သို့မဟုတ် ကျောင်းစရိတ်ချေးငွေတစ်ရပ်ကို ပေးဆပ်ရန် လုပ်ဆောင်နေပါက သင်သည် ချေးငွေများကို မည်ကဲ့သို့ ထိထိရောက်ရောက် ပေးချေနိုင်မည်ဆိုသည်ကို အချိန်ယူ၍ လုပ်ဆောင်ပါ။ ပေးဆပ်ရမည့် ငွေစုစုပေါင်းကိုတွက်ချက်ကာ သုံးသပ်စီမံနိုင်ပါမှ သင်သည် ကြွေးမြီအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။ အဆိုပါကြွေးမြီများကို လျှော့ချခြင်းသည် သင်၏ ငွေကြေးကဏ္ဍတိုးတက်မှုရှိစေမည့် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်သည်။