ကြွေးမြီကို ဖြေရှင်းသည့်အခါ ကြွေးမြီအမျိုးအစားများစွာရှိပြီး ၎င်းတို့တွင် တူညီသော အကျိုးရလဒ် အမြဲမရှိကြသည်ကို သိရှိထားရန် အရေးကြီးသည်။ ဥပမာ- ပညာသင်စရိတ် သို့မဟုတ် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အိမ်ခြံမြေ ဝယ်ယူမှုအတွက် ငွေချေးယူခြင်းတို့ကို အနာဂတ်တွင် အကျိုးအမြတ် မြောက်များစွာရရှိနိုင်မည့် ရင်းနှီးမြှပ်နှံမှုအဖြစ် မှတ်ယူနိုင်သည်။ ထိုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုသည် ရေတိုတွင် ပမာဏများပြားနိုင်သော်လည်း ပညာရေး သို့မဟုတ် အိမ်ခြံမြေကဲ့သို့သော တန်ဖိုးရှိအရာများပေါ်တွင် ရင်းနှီးမြှုပ်နှံထားပါက ရေရှည်တွင် ချေးငွေများသည် အလိုအလျောက် ပြန်လည်ပေးချေနိုင်ပြီး ဖြစ်နေပါလိမ့်မည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှု မပြုထားသောချေးငွေသည် ရေတိုနှင့် ရေရှည် ကာလနှစ်ရပ်လုံးတွင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်နေပေလိမ့်မည်။ ထိုကဲ့သို့ ကြွေးမြီအမျိုးအစားကို ထိန်းချုပ်မရ မဖြစ်စေရန်အတွက် သေချာစွာ စီမံခန့်ခွဲခြင်းပြုရန် လိုအပ်ပါသည်။
မည်သည့် အကြွေးအမျိုးအစား သို့မဟုတ် မည်၍မည်မျှ ယူထားသည်ဖြစ်စေ၊ အပြည့်အဝ ပြန်ပေးဆပ်ရန် တိကျခိုင်မာသည့် အစီအစဉ်တစ်ရပ်ကို ရေးဆွဲထားရန် လိုအပ်သည်။ အချိန်နှင့်အမျှ အတိုးများသည် တိုးပွားလာမည်ဖြစ်ရာ ပေးချေရမည့် ငွေပမာဏသည်လည်း လက်ရှိထက် လျင်မြန်စွာများပြားလာနိုင်သည်။ ကြွေးမြီကို ကိုင်တွယ်သည့်အခါ တတ်နိုင်သ၍ အမြန်ဆုံးပေးဆပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
၅၀ ၏ စွမ်းအား
ယခု ဘဏ္ဍာရေးတွက်ချက်နည်းသည် သင့် အကြွေးကို ပိုမို လျင်မြန်စွာပေးဆပ်ရန် အကူအညီပေးနိုင်ပါသည်။
ဥပမာ - သင့်အနေနှင့် ကျပ် ၃၀၀၀ အကြွေးရှိပြီး၊ နှစ်တိုး ၁၈ ရာခိုင်နှုန်း ရှိသည်ဆိုကြပါဆို့။ အကယ်၍ သင်သင် လစဉ် ၂ ရာခိုင်နှုန်းအဖြစ် ကျပ် ၆၀ ပေးမည်ဆိုပါက ထိုအချိန်အတောအတွင်း အခြားထပ်မံသုံးစွဲခြင်းမရှိလျှင် အလုံးစုံကြေရန်အတွက် အချိန် ၈ နှစ် ကြာမြင့်မည်ဖြစ်သည်။ ၈ နှစ်တာကာလ ပြီးဆုံးသွားသည့်အခါ သင့်အနေဖြင့် မူလက ကျပ် ၃၀၀၀ ၏ နှစ်ဆနီးပါးဖြစ်သည် ကျပ် ၅၇၆၀ ပေးဆပ်ပြီး ဖြစ်မည်။ တစ်လလျှင် နောက်ထပ် ကျပ် ၅၀ တိုး၍ ပေးဆပ်သွားမည်ဆိုပါက သင့်အကြွေးကို ၈ နှစ်အစား
၃ နှစ်အတွင်း ပေးချေနိုင်မည်ဖြစ်ရာ အတိုး ကျပ် ၁၈၀၀ ကျော်ခန့် သက်သာပါလိမ့်မည်။ အဓိကမှာ ကြွေးမြီကို အလျင်မြန်ဆုံးပေးဆပ်ပါက ပိုမို သက်သာလိမ့်မည်ဖြစ်သည်။
၂၈/ ၃၆ စည်းမျဉ်း
အိမ်ခြံမြေ ဌားရမ်းသူတို့အသုံးပြုသော ၂၈/ ၃၆ စည်းမျဉ်း သည်လည်း အထောက်အကူပြုလမ်းညွှန်ချက် တစ်ရပ် ဖြစ်သည်။
ဤစည်းမျဉ်းအဆိုအရ ကုန်ကျစရိတ်သည် လစဉ် ဝင်ငွေ၏ ၂၈ ရာခိုင်နှုန်းကို မကျော်လွန်သင့်ပါ။ ထို့အပြင် နေအိမ်ခ၊ အသုံးအဆောင်ခ၊ အကြွေးဝယ်ကတ်များနှင့် အခြားချေးငွေများအပါအဝင် အကြွေးစုစုပေါင်းသည်လည်း ၃၆ ရာခိုင်နှုန်းထက် မကျော်လွန်သင့်ပါ။ အချို့သောအဖွဲ့အစည်းများမှ အိမ်ခြံမြေချေးငွေများသည် ဝင်ငွေအချိုးထက် ပိုမိုသော ကြွေးမြီများကို ခွင့်ပြုပေးတတ်သော်လည်း မိမိအနေဖြင့် အချိုးအစား ပိုမြင့်လေလေ ငွေကြေးအတွက် ပူပင်သောက ပိုမိုရောက်မည်ကို သတိပြု သိရှိထားသင့်သည်။
ချေးငွေ အမျိုးအစားများ