
သင်ယူလေ့လာရန်
အယောင်ဆောင်လိမ်လည်ခိုးယူခြင်းဆိုင်ရာ အခြေခံအချက်များ
သင်၏ ကိုယ်ပိုင်အချက်အလက်များကို ကာကွယ်ရန်အတွက် မည်သို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိသနည်း။ …
သင့်အနေဖြင့် အယောင်ဆောင်လိမ်လည်ခိုးယူခံရဖူးပါသလား။ အကယ်၍ ခိုးယူခံရဖူးသည်ဆိုပါက ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို တွေ့ကြုံဖူးသူမှာ သင်တစ်ယောက်တည်းမဟုတ်ပါ။ အယောင်ဆောင်လိမ်လည်ခိုးယူခြင်းသည် မကြာခဏ တွေ့ကြုံလာရသည့် ကိစ္စတစ်ရပ်ဖြစ်ပြီး လက်မခံ၍မရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ ငွေကြေးခိုးယူခံရသောကြောင့် ကာလရှည်အကျိုးဆက်များကိုဖြစ်စေပြီး ပြင်းထန်သည့်ဆိုးကျိုးများကိုလည်း ကြုံရနိုင်ပါသည်။ များစွာသော ခိုးယူခံရဖူးသူများသည် ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်သော်လည်း အချို့မှာ ယင်းပြဿနာကို လနှင့်ချီ၍ ဖြေရှင်းရလေ့ရှိသည်။ အကယ်၍ ပြဿနာကိုဖြေရှင်းပြီးသည့်တိုင် ငွေကြေးဆုံးရှုံးမှုမှာလည်း ကြီးမားနိုင်ပါသေးသည်။
အယောင်ဆောင်လိမ်လည်ခိုးယူခြင်းပုံစံ အမျိုးမျိုးရှိနိုင်ပါသည်။ ငွေကြေးအယောင်ဆောင်လိမ်လည်ခိုးယူခြင်းသည် ဘဏ်စာရင်းများ သို့မဟုတ် အကြွေးဝယ်ခွင့်ကတ်များကို တရားမဝင်သုံးစွဲခံရခြင်းကဲ့သို့သော မကြာခဏတွေ့ရလေ့ရှိသည့် ကိစ္စမျိုးဖြစ်သည်။ ဥပမာ- ခိုးယူသူသည် ငွေသားထုတ်ယူခြင်း သို့မဟုတ် အကြွေးဝယ်ကတ်အတွင်းရှိ ငွေသားအားလုံးကို သုံးစွဲလိုက်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်မျိုး ဖြစ်သည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ကြွေးမြီဆိုင်ရာ ရမှတ်ပေါ်တွင် ကြီးမားသည့် သက်ရောက်မှုရှိသည်။
သို့သော် ဤကဲ့သို့သော ပြဿနာကို ရှောင်ရှားနိုင်မည့် နည်းလမ်းများ ရှိပါသည်။ အယောင်ဆောင်လိမ်လည်ခိုးယူခြင်း၏ လက္ခဏာများ၊ ငွေကြေးလိမ်လည်ခြင်းမခံရအောင် မည်ကဲ့သို့အကောင်းဆုံး ကာကွယ်ရမည်နှင့် အကယ်၍ လိမ်လည်ခံရပါကလည်း မည်ကဲ့သို့ ဆောင်ရွက်ရမည်တို့ကို လေ့လာပါ။
သင်၏ ကိုယ်ပိုင်အချက်အလက်များကို ကာကွယ်ရန်အတွက် မည်သို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိသနည်း။ …
သင်၏ အလေ့အကျင့်များကို ခဏမျှအချိန်ယူ စဉ်းစားကြည့်လိုက်ပါ။ မလိုအပ်သည့် အီးမေးလ်များကိုဖျက်ပစ်ပါသလား။ သင်၏…
အယောင်ဆောင်လိမ်လည်ခိုးယူခြင်း၏ အကြီးမားဆုံးပစ်မှတ်များကို သင်သိပါသလား။ အဖြေက သင့်အတွက် …
သင်သည် ခရီးသွားနေစဉ်အချိန်အတွင်း အယောင်ဆောင်လိမ်လည် ခိုးယူခံရနိုင်ချေ အများဆုံးဖြစ်သည်။ မည်သည့်နေရာကို …