သင်၏ ကိုယ်ပိုင်အချက်အလက်များကို ကာကွယ်ရန်အတွက် မည်သို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျက်ရှိသနည်း။ Credit card နှင့် Debit Card များသည် သင့်အတွက် လိုက်လျော ညီထွေရှိမှုနှင့် ပစ္စည်းဝယ်ယူနိုင်ခြင်း လုပ်ဆောင်ချက်တို့ကို မြင့်မားလာစေသော်လည်း ၎င်းတို့အတွက် ထပ်ဆောင်းလုံခြုံရေး သတိပေးချက်များ လိုအပ်ပါသည်။ သင့်အနေဖြင့် မိမိအနီးအနားတွင် ငွေစက္ကူများ ဖြန့်ကျဲမထားသကဲ့သို့ပင် သင့်ငွေကြေးဆိုင်ရာ အချက်အလက်များကိုလည်း လုံလုံခြုံခြုံထားရှိရန် အရေးကြီးပါသည်။ အယောင်ဆောင်လိမ်လည်ခိုးယူခံရမှုများ လျော့ကျစေရန်အတွက် အောက်ပါအခြေခံအချက်များကို လေ့လာပါ။
ငွေကြေးလိမ်လည်ခံရခြင်းဖြစ်စဉ်တွင် သင့်အခွင့်အရေးများကို နားလည်ပါ။
- တရားမဝင်ဝယ်ယူမှုများအတွက် သင့်တွင်တာဝန်မရှိပါ။ Credit နှင့် Debit ကတ်ထုတ်ပေးသူအများစုသည် တရားမဝင်သော အသုံးစရိတ်များအတွက် မည်သည့် အာမခံချက်မျိုးကိုမှ မပေးပါ။ ထို့ကြောင့် အကယ်၍ သင်အနေဖြင့် ငွေကြေးလိမ်လည်ခံရကြောင်း သက်သေပြနိုင်ပါက ဆုံးရှုံးသွားသည့်ငွေကြေးများ ပြန်လည် ရယူနိုင်ပါသည်။
- Credit (သို့မဟုတ်) Debit လား။ အကြွေးဝယ်ခွင့်ကတ်များ (credit cards) သည် လုံခြုံရေးချိုးဖောက်မှုများကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်စေပါသည်။ အကြွေးဝယ်ခွင့်ကတ်ကို အသုံးပြုခြင်းဖြင့် တရားမဝင်သောအသုံးစရိတ်များကို သတိပြုမိနိုင်ပြီး၊ အသုံးပြုနေသူကိုပါ သတိပြုမိနိုင်ကာ ၎င်းတို့ကို ဖယ်ရှားရန်အတွက် အချိန်များစွာရှိပါသည်။
- ငွေသားလား။ ကြိုတင်ငွေဖြည့်ကတ်လား။ အကယ်၍ ကံမကောင်းအကြောင်းမလှသဖြင့် ငွေသားအခိုးခံရပါက ရဲစခန်းတွင် တိုင်ချက်ဖွင့်သည်ကလွဲ၍ အခြားဆောင်ရွက်စရာ မရှိပါ။ ကြိုတင်ငွေဖြည့်ကတ်များသည် Debit cards နှင့်တူသယောင်ရှိသော်လည်း ၎င်းတို့ကို ဘဏ်အကောင့် တစ်ခုနှင့် ချိတ်ဆက်ထားခြင်းမဟုတ်ဘဲ ပြန်လည်ငွေဖြည့် ပေးရသည့် ကြိုတင်ငွေဖြည့်အကောင့်များနှင့် ချိတ်ဆက် ထားခြင်းဖြစ်သည်။ သင်၏ ကြိုတင်ငွေဖြည့်ကတ်ကို ငွေသားများကဲ့သို့ပင် လုံလုံခြုံခြုံသိမ်းဆည်းပါ။
သင်၏ ကိုယ်ပိုင်ငွေကြေးများကို လုံခြုံမှုရှိစေရန်အတွက် အောက်ပါတို့ကိုဆောင်ရွက်ပါ။
- မတိကျသည့်အချက်များအတွက် သင်၏ ကြွေးမြီအစီရင်ခံစာကို စစ်ဆေးပါ။ သင့်အနေဖြင့် ကြွေးမြီအစီရင်ခံစာမိတ္တူကို တစ်နှစ်တစ်ခါတောင်းယူနိုင်ပါသည်။ အပြောင်းအလဲ တစ်ခုခုရှိပါက သတိထားမိစေရန်အတွက် သင်၏ ကြွေးမြီ အစီရင်ခံစာကို ပုံမှန်တောင်းဆိုပါ။ သို့မှသာ အမှားအယွင်း တစ်စုံတစ်ရာရှိပါက သတိထားမိနိုင်မည်ဖြစ်သည်။
- ငွေကြေးဆိုင်ရာစာရွက်စာတမ်းများနှင့် စာများကို သေချာစွာထိန်းသိမ်းပါ။ ငွေတောင်းခံလွှာအဟောင်းများနှင့် အကြွေးဝယ်ခွင့်ကတ်ငွေစာရင်းရှင်းတမ်းများကို ဆုတ်ဖြဲ ဖြစ်ပါသလား။ သင်၏ စာရွက်စာတမ်းများကို ဆုတ်ဖြဲပစ်ခြင်းဖြင့် မိမိကိုယ်ရေးကိုယ်တာအချက်အလက်များကို အခြားသူများထံသို့မရောက်အောင် ကာကွယ်နိုင်ပါသည်။ အကယ်၍ အားလပ်ရက်ခရီးထွက်နေသည်ဆိုပါကလည်း စာများလာမပို့စေရန် စာတိုက်ကို ကြိုတင်အကြောင်းကြားထားပါ။
- အွန်လိုင်းကို ကောင်းမွန်လုံခြုံစွာအသုံးပြုပါ။ များစွာသောအကောင့်များအတွက် တစ်ခုတည်းသော လျှို့ဝှက်နံပါတ် သို့မဟုတ် အတည်ပြုစစ်ဆေးသည့်နံပါတ်ကို အသုံးပြုနေပါသလား။ အကယ်၍ ထိုကဲ့သို့အသုံးပြုနေပါက အကောင့်များကို ထိခိုက်မှု ရှိစေပါသည်။ လုံခြုံမှုရှိသည့် လျှို့ဝှက်နံပါတ်များကို အသုံးပြုပါ။ အခြားသူများအား မိမိလျှို့ဝှက်နံပါတ်ကို မပေးပါနှင့်။ နံပါတ်များကို ပုံမှန်အပြောင်းအလဲ ပြုလုပ်ပေးပါ။ ငွေကြေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် ထည့်သွင်းရန်လိုအပ်ပါက လုံခြုံစိတ်ချမှုရှိသည့် ဝက်ဘ်ဆိုက်များမှတစ်ဆင့်သာ ဝင်ရောက်ပါ။ သင်၏ လျှို့ဝှက်နံပါတ်များပေးရန်နှင့် အရေးကြီးသောအွန်လိုင်း အချက်အလက်များကို သိမ်းဆည်းရန်အတွက် နည်းပညာဆိုင်ရာ စီမံဆောင်ရွက်မှုများ ပြုလုပ်ပါ။