မြန်မာမိသားစုတစ်စုအတွက် ကားတစ်စီးရှိထားခြင်းသည် အလွန်အခွင့်ထူးသည့် ပိုင်ဆိုင်မှုတစ်ခုဖြစ်ပေသည်။ မိမိ၏မိဘများသည် ကြွယ်ဝသူများမဟုတ်ပါက ကားတစ်စီးဝယ်ယူခြင်းသည် ကြီးမားသောဆုံးဖြတ်ချက်ကြီးတစ်ခုပင်ဖြစ်ပါသည် (တစ်ခါတစ်ရံ ဤသို့ဆုံးဖြတ်ချက်မျိုးချရန်အတွက် မိသားစုဝင်အားလုံး ပါဝင်သဘောတူရန် လိုအပ်ပေသည်)။ အကယ်၍ သင်သည် လစာကောင်းသူတစ်ဖြစ်ပါက ကိုယ်ပိုင်ကားတစ်စီးဝယ်ယူရန် စပြီးစဉ်းစားမည်ဖြစ်သည်။ ကားဆိုသည်မှာ တန်ဖိုးကြီးပစ္စည်းတစ်ခုဖြစ်သဖြင့် ဝယ်ယူရာတွင် အချိန်ယူရလေ့ရှိကာ မိမိ၏လိုအပ်ချက်၊ ငွေကြေးအခြေအနေတို့နှင့်ကိုက်ညီမည့်ကားကို မည်သို့ရှာရမည်ဆိုသည်ကို ဂရုပြုစဉ်းစားရန်လိုအပ်သည်။  

buying a home

ဝယ်ယူမည့် ကားတန်ဖိုးကို ဆုံးဖြတ်ရာတွင် ကားဝယ်ယူသည့်တန်ဖိုးသာမက ကားပြုပြင်ထိန်းသိမ်းစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပေသည်။ ထည့်သွင်းစဉ်းစားရမည့်ကုန်ကျစရိတ်များတွင် ကားအာမခံ၊ လိုင်စင်၊ ကားမှတ်ပုံတင်၊ ဓာတ်ဆီဖိုး၊ ကားပြုပြင်ထိန်းသိမ်းစရိတ်များ ပါဝင်သည်။ အဆိုပါစရိတ်များမှာ သင့်ထံတွင် ကားရှိနေသရွေ့ကာလပတ်လုံးတွင် အဆိုပါစရိတ်များ ကုန်ကျနေမည်ဖြစ်သည်။

ကားတစ်စီးဝယ်ယူသည့်အခါ ကားဝယ်ယူရန်အတွက် ကုန်ကျငွေအပြင် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်အချို့မှာ -

        
  • ဆီစားနှုန်း
  •     
  • ကားမော်ဒယ်
  •     
  • ကားအပိုပစ္စည်းများ ဝယ်ယူရရှိနိုင်မှုနှင့် ကားထိန်းသိမ်းပြုပြင်ရန် နည်းပညာ
  •     
  • ကားရပ်နားရန် နေရာရရှိနိုင်မှု - တစ်ခါတစ်ရံ ကားရပ်နားရန်နေရာအတွက် အခကြေးငွေပေးရလေ့ရှိသည်။

ကားအာမခံ
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများ မတွင်ကျယ်လှသေးသလို၊ အာမခံထားရှိရန်အတွက် ဆောင်ရွက်ရသောလုပ်ငန်းစဉ်သည် ရှုပ်ထွေးကြာရှည်သည်ဟု ယူဆချက်များကြောင့် မြန်မာလူမျိုးများသည် ကားအာမခံထားရှိလေ့မရှိပေ။ သို့ရာတွင် မမျှော်လင့်ထားသောအဖြစ်အပျက်များကြောင့် ကုန်ကျရမှုများကို ကာကွယ်ရန်အတွက် ကားအာမခံထားရှိရန် စဉ်းစားသင့်ပေသည်။

ယာဉ်မှတ်ပုံတင်ခြင်းနှင့် အမည်ပေါက်
မိမိ၏ကားပိုင်ဆိုင်မှုကို တရားဝင်ဖြစ်စေရန်အတွက် ကားတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို   ပြည်တွင်းအခွန်ဦးစီးဌာနတွင် ပိုင်ဆိုင်မှုအခွန်ပေးဆောင်၍ လျှောက်ထားနိုင်သည်။ ကားနံပါတ်ပြားရရှိရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပို့ဆောင်ရေးဦးစီးဌာနတွင် မိမိ၏ကားကို မှတ်ပုံတင်ရန်လိုအပ်ပေသည်။ ကားတွင် နံပါတ်ပြားမရှိပါက လမ်းပေါ်တွင် မောင်းနှင်ခွင့်မရှိပေ။ ဤလုပ်ငန်းဆောင်ရွက်ရန်အတွက် မှတ်ပုံတင်ကြေးပေးရန် လိုအပ်သည်။ သင်သည် ကားအရောင်းပြခန်းတစ်ခုတွင် ဝယ်ယူပါက အဆိုပါအရောင်း ပြုလုပ်သူက ယာဉ်မှတ်ပုံတင်ရေးကိစ္စကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
www.motc.gov.mm

ယာဉ်ထိန်းသိမ်းပြုပြင်ခြင်း
ကြီးကြီးမားမားချို့ယွင်းမှုမျိုး မဖြစ်ပွားစေရန် သင်၏ကားကို ပုံမှန်စစ်ဆေးထိန်းသိမ်းသင့်သည်။ အထူးသဖြင့် ခရီးဝေးထွက်မည်ဆိုပါက လုံခြုံစိတ်ချရမှုရှိစေရန် ကား၏အခြေအနေကို စစ်ဆေးသင့်ပေသည်။ 

        
  • မိမိ၏ကားသည် မည်သို့အခြေအနေရှိကြောင်း၊ မည်သည့် ပြဿနာများရှိနေကြောင်း သိရှိထားရန် လိုအပ်သည်။ အတော်အသင့်ကားပျက်ခြင်းမျိုးအတွက် မိမိကိုယ်တိုင်ပြုပြင်နိုင်မည်ဆိုလျှင် ပို၍ကောင်းပါသည်။
  •     
  • မိမိယုံကြည်ရသည့် ကားပြင်ဆိုင်တစ်ခုကို ရှာထားပါ။
  •     
  • မိမိ၏ကားကို အကောင်းဆုံးပြင်ဆင်နိုင်ရန်အတွက် ရနိုင်သမျှအကြံဉာဏ်ကို ရယူထားပါ။

ဓာတ်ဆီ
ကားဝယ်ယူသောအချိန်တွင် မိမိဝယ်ယူမည့်ကား၏ ဆီစားနှုန်းကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ အင်ဂျင်အားကောင်းသောကားမျိုးဝယ်ယူပါက ဆီဖိုးလည်း ပို၍ကုန်ကျမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် မိမိဝယ်သည့်ကားမော်ဒယ်ပေါ်မူတည်ပြီး လောင်စာဆီကိုလည်း သီးသန့်ထည့်ရန် လိုအပ်မည်ဖြစ်သည်။ ကားကို ပုံမှန်စစ်ဆေးပြင်ဆင်မှု မပြုလုပ်ထားပါက (သို့မဟုတ်) သင်၏ကားသည် ပို၍ဟောင်းလာပါက ဆီစားနှုန်းလည်း ပိုများလာမည်ဖြစ်သည်။

မျှဝေမည်

Featured

ကားဝယ်ယူရန် ငွေကြေးရရှိနိုင်မှု
ဘဝထဲမှ အဖြစ်အပျက်များ

ကားဝယ်ယူရန် ငွေကြေးရရှိနိုင်မှု

ကားဖိုးအကျေပေးချေ၍ဝယ်ယူရန် ငွေကြေးမလုံလောက်ပါက ဘဏ်မှတစ်ဆင့် ငွေချေး၍ ကားဝယ်ယူနိုင်သည်။ ချေးငွေဖြင့် ကားဝယ်ယူပါက…