မိမိ၏မိသားစုထဲတွင် မိမိစောင့်ရှောက်ရမည်သူတစ်ဦး ရှိနိုင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ မိမိ၏မိဘများ အသက်ကြီးလာပါက မိမိက ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်။ အတူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ၎င်းတို့၏ စားဝတ်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိမိက ထောက်ပံ့ရမည်ဖြစ်သည်။ အကယ်၍ မိမိ၏မိဘများတွင် စုဆောင်းထားငွေ (သို့မဟုတ်) ဝင်ငွေရှိပါက ၎င်းတို့ဝါသနာပါရာများ၊ အလှူအတန်းပြုလုပ်ခြင်းများ၊ အသေးသုံးစရိတ်များအတွက် အသုံးပြုပါလိမ့်သည်။

buying a home

အကယ်၍ မိမိ၏မိသားစုထဲတွင် စောက်ရှောက်ရမည့်သူများရှိပါက နေထိုင်စရိတ်အတွက် များစွာပိုမိုကုန်ကျမည်မဟုတ်သော်လည်း ၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာပါက ရောဂါအခြေအနေ၊ ကုသရန်ကြာချိန်တို့အပေါ်မူတည်၍ ငွေကြေးကုန်ကျမှုများရှိမည်ဖြစ်သည်။ အဆိုပါအခြေအနေမျိုးအတွက် မိမိ၏ဝင်ငွေမှ ပုံမှန် စုဆောင်းသွားသင့်သည်။ 

သက်ကြီးရွယ်အိုများတွင် ပြုစုစောင့်ရှောက်ပေးမည့်မိသားစုမရှိပါက အစိုးရနှင့် ပုဂ္ဂလိက ဘိုးဘွားရိပ်သာများတွင်နေနိုင်သည်။ ရိပ်သာတစ်ခုစီတွင် နေထိုင်ခွင့်ရရှိရေးစပ်လျဉ်းသော သတ်မှတ်ထားချက်များရှိသည်။ ပုံမှန်အားဖြင့် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ငွေကြေးအခြေအနေတို့သည် အဓိကထားစဉ်းစားသည့် အချက်များဖြစ်သည်။ ပုဂ္ဂလိကဘိုးဘွားရိပ်သာများမှာ တစ်ဦးချင်းလှူဒါန်းမှုများ၊ အစိုးရမဟုတ်သည့်လူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးမှုများဖြင့် ရပ်တည်လျက်ရှိသည်။

သက်ကြီးရွယ်အိုများအတွက် နောက်ထပ်ရွေးချယ်စရာမှာ ဘုန်းကြီးကျောင်းနှင့် တရားစခန်းများ ဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် တရားစခန်းများတွင် လှူဒါန်းမှုလုပ်ခြင်းသည် မြန်မာနိုင်ငံတွင် လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး၊ အသက်ကြီးလာပါက အဆိုပါ ဘုန်းကြီးကျောင်းနှင့် တရားစခန်းများတွင် တရားအားထုတ်ရင်း နေထိုင်လေ့ရှိကြသည်။ အချို့နေရာများတွင် မိမိ၏ကိုယ်ပိုင်အခန်းများအတွက် ငွေကြေးထောက်ပံ့ခွင့် ရတတ်သည်။ လူတစ်ဦးတစ်ယောက်သည် လှူဒါန်းမှုတစ်ကြိမ်မျှ မပြုလုပ်သည့်တိုင် အချို့ဘုန်းကြီးကျောင်းများနှင့် တရားစခန်းများသည် အခြားသွားစရာနေရာမရှိ၊ ပြုစုစောင့်ရှောက်ပေးမည့်သူမရှိပါက လက်ခံထားတတ်သည်။  

မျှဝေမည်

Featured

အခြေအနေကို အကဲဖြတ်ခြင်း
ဘဝထဲမှ အဖြစ်အပျက်များ

အခြေအနေကို အကဲဖြတ်ခြင်း

သက်ကြီးရွယ်အိုဆွေမျိုးတစ်ဦးဦးကို ထောက်ပံ့ရန် မဆုံးဖြတ်မီ အဆိုပါသူ၏ ငွေရေးကြေးရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ…

ငွေစာရင်းရေးဆွဲခြင်း
သင်ယူလေ့လာရန်

ငွေစာရင်းရေးဆွဲခြင်း

မြန်မာနိုင်ငံသား အနည်းစုမှာ ငွေစာရင်းရေးဆွဲ၍ စီမံသုံးစွဲတတ်ကြသော်လည်း အများစုမှာ စိတ်မှန်းဖြင့်သာ တွက်ချက်သုံးစွဲကြသည်။…