
သင်ယူလေ့လာရန်
ငွေစာရင်းရေးဆွဲခြင်း
မြန်မာနိုင်ငံသား အနည်းစုမှာ ငွေစာရင်းရေးဆွဲ၍ စီမံသုံးစွဲတတ်ကြသော်လည်း အများစုမှာ စိတ်မှန်းဖြင့်သာ တွက်ချက်သုံးစွဲကြသည်။…
မြန်မာနိုင်ငံတွင် တရားဝင်အရွယ်ရောက်သည့်အသက် ၁၈ နှစ် ပြည့်သည်နှင့် မိသားစုထဲမှထွက်ခွာပြီး တခြားနေရာသို့ ပြောင်းရွှေ့သွားခြင်းမှာ အလွန်ရှားပါးသည်။ ထို့အပြင် သားဖြစ်သူ အိမ်ထောင်ပြုပြီးသည့်အခါတွင်လည်း ဇနီးဖြစ်သူကို မိသားစုအတွင်း ခေါ်လာလေ့ရှိသည်။ ငွေကြေးထောက်ပံ့မှုကို မိဘများကသော်လည်းကောင်း၊ သားသမီးကသော်လည်းကောင်း ပံ့ပိုးလေ့ရှိရာ တစ်မိသားစုလုံးတွင် အဓိကဝင်ငွေရှာဖွေပေးသူမှာ သားသမီးဖြစ်လေ့ရှိသည်။ မိဘများကို စောင့်ရှောက်သည်ဖြစ်စေ၊ အိမ်ထောင်ပြုသဖြင့် ထပ်တိုးလာသော မိသားစုဝင်များ (ဇနီး၊ သားသမီး) ကို စောင့်ရှောက်သည်ဖြစ်စေ မလိုလားအပ်သော ငွေကြေးပြတ်လတ်မှုမျိုးကို ရှောင်ရှားကာ ချောမွေ့သောငွေကြေးလည်ပတ်မှုမျိုးရှိစေရန်အတွက် ခိုင်မာတိကျသောငွေကြေးအစီအမံတစ်ခုကို ချမှတ်ထားရန်လိုအပ်သည်။ မိသားစုအတွက် ငွေကြေးအစီအမံချမှတ်ရာတွင် လစဉ်ငွေစာရင်းများ၊ နှစ်စဉ်ငွေစာရင်းရှင်းတမ်းများ၊ ကျန်းမာရေးကိစ္စကဲ့သို့ မျှော်လင့်မထားသည့် အခြေအနေများအတွက် အရေးပေါ်ငွေကြေးများ ပါဝင်သည်။
ငွေကြေးအစီအမံချမှတ်ခြင်း
အခွန်အခများ။ အများအားဖြင့် ဝန်ထမ်းများ၏ ဝင်ငွေခွန်များကို ကုမ္ပဏီက ဖြတ်တောက်ထားလေ့ရှိသည်။ သို့ရာတွင် ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်၊ မြေခွန်နှင့် ကုန်သွယ်ခွန်တို့ကိုမူ မိသားစုဝင်များအားလုံး သဘောတူထားသည့်အတိုင်း အချိုးကျ ပေးသင့်သည်။ လူငယ်များအတွက် ဝင်ငွေခွန်သည် ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအကြား ရှိသည်။
ဘဏ်ငွေစာရင်းများ - ဘဏ်စာရင်းနှင့်ပတ်သက်ပြီး ရွေးချယ်စရာ အများအပြားရှိသည်။ မိမိ၏တစ်ကိုယ်ရေအသုံးစရိတ်များအတွက် သီးသန့်ငွေစုစာရင်းတစ်ခုဖွင့်နိုင်သလို မိသားစုဝင်တစ်ဦးနှင့်အတူတွဲ၍ အတိုးနှုန်းများသော စာရင်းသေအပ်ငွေတစ်ခု သို့မဟုတ် ငွေစုစာရင်းတစ်ခုကို ဖွင့်လှစ်နိုင်သည်။ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များပေးသော ပျမ်းမျှအတိုးနှုန်းမှာ ၈.၅ ရာခိုင်နှုန်းဖြစ်ပြီး၊ ငွေကြေးဖောင်းပွမှု နှုန်းမှာ ၇.၅၆ ရာခိုင်နှုန်းဖြစ်သည်။ မိမိ၏ဝင်ငွေထက်ကျော်လွန်၍ မသုံးစွဲမိစေရန်အတွက် မိမိ၏တစ်ကိုယ်ရေအသုံးစရိတ်များကို အမြဲစောင့်ကြည့်နေရန်အရေးကြီးသည်။
အကြွေးဝယ်ကတ်များ။ အကြွေးဝယ်ကတ်ကို မိမိ၏တစ်ကိုယ်ရေအသုံးစရိတ်များအတွက်သာ အသုံးပြုသင့်ကြောင်း အကြံပြုလိုပါသည်။ ဤနိုင်ငံတွင် အကြွေးဝယ်ကတ်သုံးစွဲသည့်ဓလေ့သည် နည်းပါးနေသေးကာ၊ အကြွေးဝယ်ကတ်တစ်ခုရရှိရန် အချိန်ကြာမြင့်လေ့ရှိသည်။
ကြွေးမြီ။ ဖြစ်နိုင်လျှင် အကြွေးမထားရှိရန် အကြံပြုလိုပါသည်။ သို့သော်လည်း မိမိတွင် အကြွေးရှိလာပါက ကောင်းမွန်သင့်လျှော်သောငွေစာရင်းအစီအမံတစ်ခုကို စနစ်တကျဖန်တီးကာ မလိုလားအပ်သောအသုံးစရိတ်များကို ရှောင်ရှားရန်အတွက် မိမိ၏စုစုပေါင်းအသုံးစရိတ်များကို အမြဲစောင့်ကြည့်နေရန် အရေးကြီးသည်။
အငြိမ်းစားယူခြင်း။ မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းပင်စင်လစာမှာ ရာထူးနှင့် လုပ်သက်အပေါ်မူတည်၍ပေးခြင်းဖြစ်ပြီး တစ်လ ကျပ် ၂၀,၀၀၀ မှ စ၍ပေးသည်။ ပုဂ္ဂလိကကုမ္ပဏီများ၏အငြိမ်းစားအစီအမံများမှာ အမျိုးမျိုးကွဲပြားနိုင်သလို လုံးဝမရှိခြင်းမျိုးလည်းဖြစ်နိုင်သည်။ ကုန်ဈေးနှုန်းများမှာလည်း ပို၍မြင့်တက်လာသဖြင့် အငြိမ်းစားမယူမီ ငွေစုရန် အကြံပြုလိုပါသည်။
မြန်မာနိုင်ငံသား အနည်းစုမှာ ငွေစာရင်းရေးဆွဲ၍ စီမံသုံးစွဲတတ်ကြသော်လည်း အများစုမှာ စိတ်မှန်းဖြင့်သာ တွက်ချက်သုံးစွဲကြသည်။…
သင်၏ ဘဏ္ဍာရေးကို ကာလအပိုင်းအခြားအလိုက် အကဲဖြတ်ခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါသည်။ အထူးသဖြင့် သင့်အနေဖြင့်…
မြန်မာနိုင်ငံသား အနည်းစုမှာ ငွေစာရင်းရေးဆွဲ၍ စီမံသုံးစွဲတတ်ကြသော်လည်း အများစုမှာ စိတ်မှန်းဖြင့်သာ တွက်ချက်သုံးစွဲကြသည်။…