သင့်အတွက် သတင်းအချက်အလက်များရနိုင်ရန်၊ စိတ်အပန်းဖြေရန်၊ နှင့် အပျော်တမ်းအတွက် Visa Inc. (“Visa”) သည် www.myanmar.practicalmoneyskills.com (ဝက်ဘ်ဆိုက်) အား တည်ဆောက်ထားသည်။ ဤဝက်ဘ်ဆိုက်သို့ အခမဲ့ ဝင်ရောက်ကြည့်ရူ့ခြင်း၊ ဒေါင်းလုတ် အစရှိသဖြင့် စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် ဤ ဝက်ဘ်ဆိုက်သို့ သင် ဝင်ရောက်အသုံးပြုသည့်အခါ အောက်ဖော်ပြပါ စည်းမျဉ်းဥပဒေများ(စည်းမျဉ်းဥပဒေများ)နှင့် သက်ဆိုင်ရာ ဥပဒေအားလုံးနှင့် အကျုံးဝင်သည်ကို သတိပြုပါ။ ဤ ဝက်ဘ်ဆိုက်သို့ သင်ဝင်ရောက် အသုံးပြုခြင်းဖြင့် သတ်မှတ်ထားသည် ဥပဒေသများအား ကန့်သတ်ချက်မရှိ၊ တတ်ကျွမ်းမှုမရှိစေကာမူ လက်ခံသဘောတူပြီးသာဖြစ်သည်ဟု ယူဆပြီးဖြစ်သည်။ ထို့အပြင် Visa နှင့် မည်သို့ပင် သဘောတူညီထားမှုများရှိခဲ့သည်ဖြစ်စေ၊ သို့တည်းမဟုတ် သင်ကိုယ်တိုင် ဤဝက်ဘ်ဆိုက်အား ဝင်ရောက်ကြည်ရှု့အသုံးပြုမှုကြောင့် အငြင်းပွားဖွယ်အတိုင်းအတာတစ်ခုအထိရှိလာသည်ဖြစ်စေ ဤဥပဒေနှင့် အညီသာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိနားလည်ရမည်ဖြစ်သည်။ ယခုဖော်ပြပါ စည်းကမ်းဥပဒေများအား သဘောတူညီမှုမရှိပါက ဤဝက်ဘ်ဆိုက်အား အသုံးမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Visa အနေဖြင့် ဥပဒေများကို ဤဖေါ်ပြချက် မွန်းမံ ခြင်းဖြင့် အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ ဤအပြောင်းလဲ ပြင်ဆင်ထားသော ဥပဒေများကို သင်လက်ခံ လိုက်နာရမည်ဖြစ်ပါသဖြင့် လက်ရှိ စည်းမျည်းဥပဒေများကို အချိန်အခါအလိုက် ဤဝက်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှု့ စေလိုပါသည်။
ဝက်ဘ်ဆိုက်အသုံးပြုခြင်း
တိကျသော အခြား ဖေါ် ညွှန်းထားခြင်းမရှိပါက စီးပွားရေး အကျိုးအမြတ်အတွက်မဟုတ်လျှင် ဤဝက်ဘ်ဆိုက်မှ လိုအပ်သည့်အရာများကို ဒေါင်းလုတ် လုပ်ယူနိုင်သည်။ ထို့အပြင် Visa ၏ တရားဝင်ရေးသားသဘောတူညီမှုမရှိပဲ ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ ပိုမိုကောင်းမွန်လာရန် ပြုပြင်ခြင်း၊ ကူးယူခြင်း၊ ပုံနိုပ်ထုတ်ဝေခြင်း၊ လွှင့်တင်ခြင်း၊ အသုံးပြူခြင်း (သို့) ဝက်ဘ်ဆိုက်တွင်ပါရှိသည့့်အကြောင်းအရာတစ်စုံတစ်ရာအား ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်ကာ ပြန်လည်အသုံးပြုခြင်း ပြုလုပ်ခွင့်မရှိချေ။ သိုသော် သင်သည် စာသင်ကြားသူဖြစ်ပါက အတန်းထဲတွင်အသုံးပြုရန်အတွက် ဖြန့်ဝေခြင်း၊ ပိုမိုကောင်းမွန်လာရန် ပြုပြင်ခြင်း၊ ကူးယူခြင်း၊ လွှင့်တင်ခြင်း၊ အသုံးပြုခြင်း (သို့) ဝက်ဘ်ဆိုက်တွင်ပါရှိသည့့်အကြောင်းအရာတစ်စုံတစ်ရာအား ပြန်လည်အသုံးပြုခြင်းများ ပြုလုပ်နိုင်ပါသည်။ Visa နှင့် တရားဝင်သဘောတူစာချုပ် ရေးသားထားခြင်းမရှိခဲ့ပါက သင် ဒေါင်းလုတ် လုပ်ယူခဲ့သော (သို့) ကူးယူခဲ့သော အကြောင်းအရာသတင်းအချက်အလက်များအပေါ် မူပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုဆိုင်ရာမှုပိုင်ခွင့် တို့အား လိုက်နာထိန်းသိမ်းရမည်။ ဤဝက်ဘ်ဆိုက်အား အသုံးပြုရာတွင် သတိမမူ၍သော်လည်းကောင်း၊ တမင်တကာရည်ရွက်ချက်ဖြင့်လည်းကောင်း၊ ဝက်ဘ်ဆိုက် (သို့) ဤဝက်ဘ်ဆိုက်နှင့်ဆက်နွယ်နေသော မည်သည့် server (သို့) ကွန်ယက်ကိုမဆို ဖျက်ဆီးခြင်း၊ အသုံးပြု၍မရရန် ပြုလုပ်ခြင်း (သို့) အခြားအသုံးပြုနေသူတစ်ယောက်၏ အသုံးပြုမှု၊ ပျော်ရွှင်မှုအား ဝင်ရောက်နှောက်ယှက်ခြင်း မပြုရပေ။
မူပိုင်ခွင့် နှင့် အခြား ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများ
အခြား သီးသန့် သတ်မှတ်ထားချက်မရှိပါက ဤဝက်ဘ်ဆိုက်တွင် ရှိသည့် အရာအားလုံးသည် မူပိုင်ခွင့်ရှိသည်ဟု သင်မှတ်ရမည် ဖြစ်ပြီး စည်းမျဉ်းဥပဒေအရ ခွင့်ပြုထားခြင်း (သို့) Visa မှ စာဖြင့် သဘောတူခွင့်ပြုချက် ရှိမှသာ သုံးစွဲခွင့်ရှိမည်။ သင် အနေဖြင့် ဝက်ဘ်ဆိုက်တွင် ပါရှိသောအကြောင်းအရာများအား အသုံးပြုခြင်းကို Visa မှ ခွင့်မပြုခြင်း သို့မဟုတ် ကိုယ်စားမပြုခြင်းသည် တခြားသူများ ၏ အခွင့်အရေးများအား ချိုးဖေါက်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါ။ ဤဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားသည့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ အစီအစဉ်၊ နှင့် နည်းပညာ အားလုံး သည် တို့သည် မူပိုင်ခွင့်၊ မူပိုင်အမှတ်တံဆိပ်၊ မူပိုင်ထုတ်လုပ်ခွင့် တို့ အပါအဝင် အခြား ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် များ ရှိပြီး ဖြစ်သည်။ ¬ဤနေရာတွင် ထည့်သွင်း ဖေါ်ပြထားခြင်းမရှိသော အခြား တရားဝင် မူပိုင်ခွင့် တို့ ကို လည်း Visa မှ ပိုင်ဆိုင်မှုရှိပြီးဖြစ်သည်။
Visa ဝက်ဆိုဒ် ပေါ် တွင် ဖေါ်ပြအသုံးပြုထားသော လူရုပ်ပုံများ၊ နေရာဒေသများ သည် Visa ၏ ပိုင်ဆိုင်မူများ သို့မဟုတ် Visa ၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိုင်သော အရာများဖြစ်ပါသည်။ ဝက်ဆိုဒ် ပေါ်တွင်လည်းကောင်း စည်းမျဉ်းဥပဒေအရလည်းကောင်း ခွင့်ပြုထားခြင်းမရှိလျှင် သင့် သို့ မဟုတ် အခြားသူများ အနေဖြင့် ဤ ပုံ များအား အသုံး ပြုခြင်းကို တားမြစ်ပါသည်။ မူပိုင်ခွင့်၊ မူပိုင်အမှတ်တံဆိပ်၊ မူပိုင်ထုတ်လုပ်ခွင့်တို့အပါအဝင် အခြား ဉာဏ်ဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ၊ ဤရုပ်ပုံများကို တရားမဝင် အသုံးပြုခြင်းသည် မူပိုင်ခွင့်ဥပဒေများ၊ မူပိုင်အမှတ်တံဆိပ် ဥပဒေများ၊ ပုဂ္ဂလိကနှင့် အများပိုင် ဥပဒေများ၊ အခြားသက်ဆိုင်ရာ နည်းဥပဒေများ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ရာ ရောက်နိုင်သည်။
မူပိုင်အမှတ်တံဆိပ်များနှင့် ကုန်တံဆိပ် အမည်များ
ဤဝက်ဆိုဒ်ပေါ်တွင်ဖေါ်ပြထားသော“Trade Marks” ဟု ခေါ်ဆိုသည့် မူပိုင်အမှတ် တံဆိပ်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုတံဆိပ်များသည် visa နှင့် အခြားသူများ၏ မှတ်ပုံတင်ထားသော မူပိုင်အမှတ်တံဆိပ်များနှင့် မှတ်ပုံမတင်ထားသော မူပိုင်အမှတ်တံဆိပ်များ ဖြစ်ပါသည်။ PARTICAL MONEY SKILLS ®နှင့် VISA® များသည် visa ၏ မှတ်ပုံတင်ထားသော မူပိုင်အမှတ်တံဆိပ်များဖြစ်ပါသည်။ မူပိုင်ခွင့်အမှတ်တံဆိပ်ကို အခြားပိုင်ဆိုင်သူ နှင့် Visa တို့၏ စာဖြင့်ခွင့်ပြုထားချက် မရှိပါက ဤဝက်ဆိုဒ်ရှိ မည်သည့် ရေးသားဖေါ် ပြမှုကိုမျှ ဤဝက်ဆိုဒ်ပါရှိ မူပိုင်ခွင့်အမှတ်တံဆိပ်များကို အသုံးပြုခွင့်ပေးခြင်း သို့ မဟုတ် အသုံးပြုရန်သဘောတူခြင်းအဖြစ် အဓိပ္ဗါယ်ဖွင့်ဆို၍မရပါ။
ဤဝက်ဆိုဒ်တွင် ဖေါ်ပြထားသော မည်သည့် မူပိုင်အမှတ်တံဆိပ်များ သို့မဟုတ် အချက်အလက်များကို အလွဲသုံးစား အသုံးပြုခြင်းအား တားမြစ်ထားပါသည်။
ဉာဏ်ဏပစ္စည်း မူပိုင်ခွင့်ချိုးဖောက်မှုများကို ပြင်းထန်စွာ အရေးယူရာတွင် တရားမမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများ အပါအဝင် အခြားနည်းလမ်းဖြင့်လည်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အခြားအဖွဲ့အစည်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်ပါရှိနေခြင်းသည် visa မှ ထိုအဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီကို visa အနေဖြင့် ထိုကုမ္ပဏီ အဖွဲ့အစည်း သို့မဟုတ် ထိုအဖွဲ့အစည်း၏ အစီအစဉ်များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို အတည်ပြုပေးခြင်း၊ ထောက်ခံခြင်း မဟုတ်ကြောင်း မှတ်ယူစေလိုပါသည်။
အချက်အလက်များထည့်သွင်းခြင်း
(Privacy
Policy တွင် ဖေါ်ပြထားသည့် အတိုင်း), သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များမှ လွဲ၍ အချက် အလက်များ၊ မှတ်ချက်များ၊ မေးခွန်းများ၊ အကြံပြုချက်များ၊ နှင့် တင်ပြချက်များ အပါအဝင် ဤဝက်ဆိုဒ်သို့ သင် အီးမေးဖြင့် ဖြစ်စေ အခြားနည်းလမ်းဖြင့် ဖြစ်စေ ဆက်သွယ် ပေးပို့ လာသော အကြောင်းအရာ အချက်အလက်များ ကို လျှို ဝှက်ထားရှိ ရန်မလိုသော၊ မူပိုင်ခွင့် မရှိသော အချက်အလက်များ အဖြစ် မှတ်ယူ မည်ဖြစ်သည်။ အထက်တွင် ကိုးကားထားသော Privacy Policy အရ ဤဝက်ဆိုဒ် သို့ သင်ပေးပို့လာသော အချက်အလက်များကို Visa အနေဖြင့် ပြုပြင်ပြောင်းလဲခြင်း၊ ပုံစံတူ ထုတ်လုပ်ခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပြန်လည်ဖေါ် ပြခြင်း၊ ပုံနိပ်ထုတ်ထုတ်ဝေခြင်း၊ ထုတ်လွှင့်ခြင်းနှင့် အင်တာနက်တွင် ဖေါ် ပြခြင်းများ အပါအဝင် မည်သည့် ရည်ရွယ်ချက်ဖြင့်မဆို အသုံးပြုနိုင်သည်။ www.myanmar.practicalmoneyskills.com သို့ အချက်အလက် အကြောင်းအရာများကို ပေးပို့ တင်ပြလာခြင်း အားဖြင့် ထိုအချက်အလက် အကြောင်းအရာများနှင့် ပက်သက်ပြီး သင့်တွင်ရှိနိုင်သည့် မူပိုင်ခွင့်များ၊ ကျင့်ဝတ် ဆိုင်ရာ မူပိုင်ခွင့်များ၊ သီးသန့် ထားရှိခွင့် နှင့် ထုတ်ပြန်ကြော်ငြာ ပိုင်ခွင့်များ၊ သို့ မဟုတ် အခြား ဉာဏ်ဏ ပစ္စည်းမူပိုင်ခွင့် နှင့် သီးခြားမူပိုင်ခွင့် အခွင့် အရေးများကို စွန့် လွှတ်ပြီးဖြစ်ပြီး ထို အခွင့်အရေးများကို Visa ထံ အပြီးတိုင် လွှဲပြောင်း အပ်နှင်းပြီးဖြစ်ပါသည်။ ဤဝက်ဆိုဒ်သို့ ဆက်သွယ်ပေးပို့ လာသော အကြောင်းအရာအချက်အလက်များတွင် ပါဝင်သည့် အတွေးအမြင်၊ အယူအဆ၊ နည်းလမ်း၊ သို့မဟုတ် အသိပညာ တို့ကို Visa အနေဖြင့် ထပ်ဆင့်ကောင်းမွန်စေခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အတွက် ဈေးကွက်ချဲ့ ခြင်းများ အပါအဝင် မည်သည့် ရည်ရွယ်ချက် ဖြင့် မဆို လွတ်လပ်စွာ အသုံးပြုပိုင်ခွင့်ရှိသည်။
သတင်းအချက်အလက် မှန်ကန်မှု
Visa အနေဖြင့် ဤဝက်ဆိုဒ်ပေါ် ရှိ အချက်အလက်များကို တိကျမှန်ကန်အောင် နှင့် နောက်ဆုံးပေါ် သတင်းအချက်အလက်များ ဖြစ်စေရန် သင့်တော်သည့် ကျိုးစားအားထုတ်မူ ဖြင့် ဆောင်ရွက်နေပါသည်။ သို့သော်လည်း အချက်အလက်များနှင့်ပတ်သက်ပြီး မှန်ကန်မှု၊ အချိန်ကာလတိကျမှု၊ ပြီးပြည့်စုံမှုတို့ အတွက် Visa အနေဖြင့် တာဝန်ယူ တာဝန်ခံမည် မဟုတ်ပါ။ ဤဝက်ဆိုဒ်ပါ သတင်းအချက်အလက် များကို အသုံးပြု ခြင်းဖြင့် ဖြစ်ပေါ်ရရှိလာမည့် ရလဒ်များရရှိနိုင်မည်။ ဖေါ် ပြထားသော သတင်းအချက်အလက်များသည် တိကျသော ရည်ရည်ချက် နှင့် လိုအပ်ချက်တို့ ကို ဖြည့်စီးပေးနိုင်မည် ဟု Visa အနေဖြင့် မည့်သို့ မျှ တာဝန်ယူ တာဝန်ခံ မည်မဟုတ်ပါ။ ဤဝက်ဆိုဒ်တွင် ဖေါ် ပြထားသော မည်သည့် သတင်းအချက်အလက်များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အစီအစဉ်များ၊ နှင့် နည်းပညာများကို Visa အနေဖြင့် ထပ်တိုးခြင်း၊ ပြောင်းလဲခြင်း၊ ပိုမိုကောင်းအောင်လုပ်ခြင်းများကို ကြိုတင် အသိပေးမှု မရှိပဲ အချိန် အခါအလိုက် လုပ်ဆောင်နိုင်ပါသည်။ ဤဝက်ဆိုဒ်ပေါ် တွင် ပါရှိသော အကြောင်းအရာများ နှင့်ပက်သက်သော မှားယွင်းမှု ပျက်ကွက်မှု တို့ အတွက် Visa မှ တာဝန်ယူမဟုတ်ပါ။
သတိပေးချက် နှင့် တာဝန်ယူမှု အကန့် အသတ်
သတိပေးချက် နှင့် တာဝန်ယူမှု အကန့် အသတ်
သင်ဤဝက်ဆိုဒ်ကိုအသုံးပြုခြင်း မှ ဖြစ်ပေါ် လာသော အကျိုးဆက်သည် သင်၏တာဝန်သာဖြစ်သည်။ ဤဝက်ဆိုဒ်ပေါ် တွင် ဖေါ် ပြထားသော သို့ မဟုတ် ရည်ညွှန်းထားသော သတင်းအချက်အလက် နှင့် ဝန်ဆောင်မှုများသည် “အရှိအတိုင်း” နှင့် “လက်ရှိရနိင်မှု” အခြေအနေအတိုင်း ဖေါ် ပြ ညွှန်းဆိုထားခြင်းဖြစ်ပြီး ထိုအခြေအနေ အတိုင်း ဖြစ်ရမည်ဟု အာမခံခြင်း တာဝန်ယူခြင်း မရှိပါ။ အကယ်၍ Visa အား ထိခိုက် နစ်နာမှုများ ဖြစ်နိုင်သည်ကို အသိပေးပြီးဖြစ်လျှင်သော်လည်း ဤဝက်ဆိုက်အား ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း၊ ယုံစားခြင်း တို့ ကြောင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်ည်းကောင်း ဖြစ်ပေါ်လာသော၊ ကျိုးကြောင်းဆက် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမူများအတွက် ဥပဒေ မှ အမြင့်ဆုံး ခွင့်ပြုထားသည့် အတိုင်း Visa နှင့် ဤဝက်ဆိုဒ် ကို ဖန်တည်း၊ ထုတ်လုပ်၊ တည်ဖောက်ရာတွင် ပါဝင်သော အခြား သူ၊ အဖွဲ့ အစည်း တို့ တွင် တာဝန်ရှိမည် မဟုတ်ပါ။
ချိပ်ဆက်ထားသော ဝက်ဆိုဒ်များ
ဤဝက်ဆိုဒ်နှင့် ချိပ်ဆက်ထားသော အခြား ဝက်ဆိုဒ်များကို Visa အနေဖြင့် ပြန်လည်သုံးသပ်ထားခြင်းမရှိပါ။ ဤသို့ ချိပ်ဆက်ထားခြင်းဖြင့် ထို ဝက်ဆိုဒ်များတွင် ပါဝင်သော အရာများကို Visa အနေဖြင့် အသိအမှတ်ပြုခြင်း ထောက်ခံမူ ပေးခြင်းမဟုတ်ပါ။ Visa အနေဖြင့် ချိပ်ဆက် ထားသော ဝက်ဆိုဒ်များတွင် ပါရှိသော အရာများ အတွက်တာဝန်မရှိပေ။ ထိုဝက်ဆိုဒ်များကို အသုံးပြုခြင်း မှ ဖြစ်ပေါ်လာသော အကျိုးဆက်သည် သင်၏တာဝန်သာဖြစ်သည်။
ရပ်ဆိုင်းခြင်း
Visa တွင် မည်သည့် အသုံးပြုသူကို မဆို ဤ ဝက်ဆိုဒ် တခုလုံး သို့ မဟုတ် တစိတ်တစ်ပိုင်း အသုံးပြုခွင့်အား ကြိုတင် အကြောင်းကြားခြင်း မရှိပဲ မည်သည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ ငြင်းဆိုပိုင်ခွင့် ရှိသည်။ Visa တွင် ဤ ဝက်ဆိုဒ်အား ရပ်ဆိုင်းခြင်း၊ ပြုပြင်ပြောင်းလဲခြင်း များ သို့ မဟုတ် သတင်းအချက်အလက်များ၊ အခြား အချက် အလက် များ၊ အကြောင်းအရာများ ဖေါ် ပြခွင့်အား ငြင်းဆိုခြင်းကို အချိန်မရွေး မိမိဆန္ဒ ဖြင့် ပြုလုပ်ပိုင် ခွင့်ရှိသည်။
ဥပဒေကြောင်းဆိုင်ရာ အချက်အလက်များ
အခြားသီးခြား ဥပဒေပြဌန်းချက်များနှင့် ကွဲလွဲချက်များမှအပ စည်းမျဉ်းဥပဒေများကို ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ အဓိပ္ဗါယ် ဖွင့်ဆိုပြီး ပြဌါန်းထားပါသည်။ သို့ ပါ၍ ဤဝက်ဆိုဒ်စည်းမျဉ်းဥပဒေနှင့်ပက်သက်လာလျှင် သက်ဆိုင်သူတိုင်းသည် ကယ်လီဖိုးနီးယား အတွင်းရှိ သီးသန့် တရားရုံးများကို လက်ခံပြီး အခြား မည်သည့် တရားစီရင်ရေးဆိုင်ရာ၊ အခင်းအကျင်း သို့ မဟုတ် ဤသီးသန့် တရားရုံးများကို ညင်းဆိုနှိင်ခွင့်များကို စွန့် လွှတ်ပြီးဖြစ်သည်။
Visa အနေဖြင့် ဤစည်းမျဉ်းဥပဒေများ အရ ရရှိသော အခွင့်အရေး များနှင့်ပက်သက်၍ အကောင်အထည်ဖေါ် အရေးယူရန် ပျက်ကွက်ခြင်းသည် ထိုအခွင့် အရေးများကို စွန့် လွှတ်ခြင်း မမည်ပေ။ ဤစည်းမျဉ်းဥပဒေပါ ပြဌါန်းချက်တစ်ခုအား တရားဝင်တရားစီရင်ခွင့်ရှိသော တရားရုံးတစ်ခုခုမှ တရားဥပဒေနှင့် မညီဟု ဆိုခဲ့လျှင် ထိုတရားရုံး၊ Visa နှင့် ပူးပေါင်းပြီး ဖြေရှင်းရန် ကြိုးစားရမည်။ ကျန် စည်းမျဉ်းဥပဒေ ပြဌန်းချက်အားလုံး အပြည့်အဝ တရားဝင်သက်ရောက်မှု ရှိနေမည်ဖြစ်ပါသည်။
သင့်အနေဖြင့် ဤဝက်ဆိုဒ်အား အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာ ဥပဒေများကို လိုက်နာသဘောတူပြီးဖြစ်သည်။ အခြား စည်းကျပ်မှုများ အပြင် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံခြားတိုင်းပြည်များတွင် အခြေပြု သည့် နည်းပညာ များကို နိုင်ငံခြားတင်ပို့ ခြင်းနှင့် ထပ်ဆင့် နိုင်ငံခြားတင်ပို့ ခြင်းများ ကို အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံခြားပို့ ကုန် ထိမ်းချုပ်ရေး ဥပဒေ တို့ မှ စည်းကျပ်ပါသည်။ သင့်အနေဖြင့် ထိုသက်ဆိုင်ရာ ဥပေးများကို လိုက်နာရမည်ဖြစ်ပြီး၊ ထိုဥပဒေများကို ချိုးဖေါက်ပြီး မည်သည့် အကြောင်းအရာ၊ ကွန်ပြူတာ ပရိုဂရမ် ကိုမျှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း အီလက်ထရောနစ် ဆက်သွယ်ရေး နှင့်ဖြစ်စေ အခြား နည်းလမ်းဖြင့်ဖြစ်စေ ဤဝက်ဆိုဒ်မှ အခြားနိုင်ငံများ နှင့် နိုင်ငံခြားသားများထံ သို့ မဟုတ် အခြားနိုင်ငံများ နှင့် နိုင်ငံခြားသားများထံမှ ဤဝက်ဆိုဒ်သို့ လွှဲပြောင်းပေးခြင်း မပြုလုပ်ရ။
ကျေးဇူးပြု၍ သင်လက်ခံ ထားသော စည်းမျဉ်းဥပဒေများ ၏ အစိတ်အပိုင်းဖြစ်သည့် ဤဝက်ဆိုဒ် ၏ Privacy
Policy ကို ဖတ်ပါ။ အကယ်၍ သင့် တွင် မေးစရာ၊ မှတ်ချက်ပြုစရာ၊ မကျေနပ်မှုတို့ ရှိလျှင် info@practicalmoneyskills.com သို့ အီးမေးပေးပို့ နိုင်ပါသည်။ သို့ မဟုတ်
Practical Money Skills for Life
Attn: Corporate Relations
P.O. Box 194607
San Francisco, CA 94119-4607 သို့ စာပေးပို့ နိုင်ပါသည်။