ရေရှည်တည်တံ့သော တိုးတက်မှုအတွက် ငွေကြေးဆိုင်ရာပညာရေး လေ့လာစမ်းစစ်ချက်ရလဒ်များ၏ အကျဉ်းချုပ်
မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်ကာလအတွင်း တသီးတသန့် ရပ်တည်နေသည့် နိုင်ငံအခြေအနေမှ ကမ္ဘာ့ရင်းနှီးမြှပ်နှံမှုများ စီးဝင်ရာ ပန်းတိုင်အဖြစ် ကူးပြောင်းလာခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာပြီး လူလတ်တန်းစားပိုမိုများပြားလာမှုနှင့်အတူ ငွေကြေးဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများမှာလည်း ပိုမိုပေါ်ထွက်လာခဲ့သည်။ ထိုသို့သောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာသော်လည်း လူအများစုမှာ ယင်းတို့အကြောင်း သေချာစွာနားလည်သိရှိနိုင်စွမ်း နည်းပါးနေသေးသည်။ ဝန်ဆောင်မှုအသုံးပြုသူများ၏ အမြင်ကို ‘နှိပ်‘ ၍ ကြည့်ပါ။ ထို့အပြင် ငွေကြေးဆိုင်ရာပညာဗဟုသုတသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် လျင်မြန်နှုန်းသစ်ဖြင့် တိုးတက်နေမှုအပေါ် အမီလိုက်နိုင်ဖို့ရာ မည်မျှအရေးပါကြောင်းကိုလည်း မြင်တွေ့နိုင်ပါသည်။