သင်ပေးချေရန်တာဝန်မရှိသည့် အိမ်လခ၊ အပျက်အစီးများကို ကာမိစေရန် အိမ်ရှင်သည် သင့်ထံမှ အာမခံစပေါ်ငွေ တောင်းခံကောင်း တောင်းခံနိုင်သည်။ အငှားကာလ ပြီးဆုံးပါက ယင်းငွေကို ပြန်ပေးမည်ဖြစ်သော်လည်း အိမ်ခန်းတွင် အပျက်အစီး တစ်စုံတစ်ရာဖြစ်ပေါ်ခြင်းရှိပါက ယင်းငွေကို သင်ပြန်ရမည် မဟုတ်ပေ။ နုတ်ယူငွေကို သင် သဘောမတူပါက သို့မဟုတ် အာမခံစပေါ်ငွေကို ပြန်မရပါက သင်သည် အိမ်ရှင်ကို တရားစွဲဆိုနိုင်သည်။ အိမ်ရှင်က အာမခံစပေါ်ငွေပမာဏတစ်ခုကို ၎င်း၏သဘောအတိုင်း တောင်းဆိုနိုင်သည်။ အချို့ပြည်နယ်များတွင် သင်၏အာမခံစပေါ်ငွေအပေါ် အိမ်ရှင်က အတိုးပေးရသည်။
အာမခံစပေါ်ငွေနှင့် နှင်ထုတ်ခြင်း
ပြဿနာဖြေရှင်းခြင်း
ကိစ္စရပ်အများစုတွင် အိမ်ရှင်နှင့် အိမ်ငှားတို့သည် စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ဖြေရှင်းမည့်နည်းလမ်းကို ရှာဖွေသည်။ သဘောတူညီမှုမရပါက ဥပဒေကြောင်းအရ ဆောင်ရွက်ကောင်းဆောင်ရွက်ကြမည် ဖြစ်သည်။
နှင်ထုတ်ခြင်း
နှင်ထုတ်ခြင်းမှာ အဆိုးဆုံးအခြေအနေဖြစ်သလို သင့်အတွက် မလိုလားအပ်သည့် ရလဒ်လည်းဖြစ်သည်။ သို့သော် သင်သည် အိမ်ငှားခ မပေးပါက၊ စာချုပ်ပါ အချက်များအတိုင်း မလိုက်နာပါက သို့မဟုတ် အငှားသက်တမ်းကုန်ဆုံးချိန်တွင် အိမ်မှထွက်ခွာရန် ငြင်းဆန်ပါက အိမ်ရှင်က သင့်ကို အိမ်မှ နှင်ထုတ်ခွင့်ရှိသည်။ အိမ်ရှင်က သင့်ကို မနှင်ထုတ်မီ ကြိုတင်သတိပေးစာ ပေးမည် ဖြစ်သည်။
မျှဝေမည်
မျှဝေမည်