သင်ပေးချေရန်တာဝန်မရှိသည့် အိမ်လခ၊ အပျက်အစီးများကို ကာမိစေရန် အိမ်ရှင်သည် သင့်ထံမှ အာမခံစပေါ်ငွေ တောင်းခံကောင်း တောင်းခံနိုင်သည်။ အငှားကာလ ပြီးဆုံးပါက ယင်းငွေကို ပြန်ပေးမည်ဖြစ်သော်လည်း အိမ်ခန်းတွင် အပျက်အစီး တစ်စုံတစ်ရာဖြစ်ပေါ်ခြင်းရှိပါက ယင်းငွေကို သင်ပြန်ရမည် မဟုတ်ပေ။ နုတ်ယူငွေကို သင် သဘောမတူပါက သို့မဟုတ် အာမခံစပေါ်ငွေကို ပြန်မရပါက သင်သည် အိမ်ရှင်ကို တရားစွဲဆိုနိုင်သည်။ အိမ်ရှင်က အာမခံစပေါ်ငွေပမာဏတစ်ခုကို ၎င်း၏သဘောအတိုင်း တောင်းဆိုနိုင်သည်။ အချို့ပြည်နယ်များတွင် သင်၏အာမခံစပေါ်ငွေအပေါ် အိမ်ရှင်က အတိုးပေးရသည်။