အလုပ်သမား အရေအတွက် ၁၅ ဦးထက်ပိုရှိသော ပုဂ္ဂလိကလုပ်ငန်းများသည် မိမိဝန်ထမ်းများအတွက် လူမှုဖူလုံရေး စီစဉ်ပေးနိုင်သည်။ သို့သော် ပုဂ္ဂလိကလုပ်ငန်းအများစုမှာ ဤသို့ ကျင့်သုံးမှုမရှိကြောင်း သတိချပ်သင့်သည်။ သင်၏ကုမ္ပဏီတွင် လူမှုဖူလုံရေးအစီအစဉ်ရှိပါက သင့်အခြေခံလစာ၏ ၂% ကို လူမှုဖူလုံရေးအတွက် စုရမည်ဖြစ်ပြီး သင့်ကုမ္ပဏီက သင့်အတွက် ၃% ထည့်ဝင်ရမည် ဖြစ်သည်။ နှစ်အနည်းငယ် စုဆောင်းပြီးလျှင် သို့မဟုတ် သင်အလုပ်ထွက်လျှင် သို့မဟုတ် သင် အငြိမ်းစားယူလျှင် အဆိုပါစုငွေကို သင်ရယူနိုင်သည်။