ကားအာမခံ



ကားအာမခံထားရှိရန်အတွက် ယာဉ်ပိုင်ရှင်မှတ်ပုံတင်စာအုပ်နှင့် ပိုင်ရှင်၏ အချက်အလက်များ လိုအပ်သည်။ နှစ်စဉ်ပေးချေရမည့် ကားအာမခံကြေးမှာ ကား၏တန်ဖိုးပေါ် မူတည်သည်။ ပုဂ္ဂလိကအာမခံကုမ္ပဏီများက သင့်ကား၏တန်ဖိုးကို အိမ်တိုင်ရာရောက် လာရောက်အကဲဖြတ်ပေးလေ့ရှိသည်။ အာမခံကြေးမှာ သင့်ကားတန်ဖိုး၏ တစ်ရာခိုင်နှုန်းခန့်ဖြစ်သည်။
သင့်အနေဖြင့် ကားအာမခံမဝယ်ယူမီ မည်ကဲ့သို့သော မတော်တဆမှုမျိုးအတွက် အာမခံပေးခြင်းဖြစ်ကြောင်းနှင့် မည်ကဲ့သို့သော အခြေအနေမျိုးတွင် အာမခံကြေး/အလျော်တောင်းခံနိုင်ကြောင်းတို့ကို အာမခံကုမ္ပဏီနှင့် သေသေချာချာ သဘောတူညီမှုယူရမည်။ ဥပမာ - အလုံးစုံကားအာမခံထားရှိသော်လည်း ကား၏ ရှေ့မှန်ကွဲခြင်းအတွက် လျော်ကြေးငွေပေးရန် မလိုခြင်းမျိုး ဖြစ်နိုင်ပါသည်။ ကားတိုက်မှုဖြစ်ပါက လျော်ကြေးရရန်အတွက် မည်သည့်စာရွက်စာတမ်းများလိုအပ်သည်ကို သင်သည် သေသေချာချာ သိထားရမည်ဖြစ်သည်။
မျှဝေမည်
မျှဝေမည်