မိမိ၏မိသားစုထဲတွင် မိမိစောင့်ရှောက်ရမည်သူတစ်ဦး ရှိနိုင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ မိမိ၏မိဘများ အသက်ကြီးလာပါက မိမိက ပြုစုစောင့်ရှောက်ရမည်ဖြစ်သည်။ အတူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ၎င်းတို့၏ စားဝတ်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိမိက ထောက်ပံ့ရမည်ဖြစ်သည်။ အကယ်၍ မိမိ၏မိဘများတွင် စုဆောင်းထားငွေ (သို့မဟုတ်) ဝင်ငွေရှိပါက ၎င်းတို့ဝါသနာပါရာများ၊ အလှူအတန်းပြုလုပ်ခြင်းများ၊ အသေးသုံးစရိတ်များအတွက် အသုံးပြုပါလိမ့်သည်။
![](/content/dam/financial-literacy/practical-money-skills/pmscom/myanmar-images/assessing-the-situation_sq_270_270.jpg)
![](/content/dam/financial-literacy/practical-money-skills/pmscom/myanmar-images/assessing-the-situation_sq_360_360.jpg)
![](/content/dam/financial-literacy/practical-money-skills/pmscom/myanmar-images/assessing-the-situation_sq_707_707.jpg)
သက်ကြီးရွယ်အိုဆွေမျိုးတစ်ဦးဦးကို ထောက်ပံ့ရန် မဆုံးဖြတ်မီ အဆိုပါသူ၏ ငွေရေးကြေးရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ…