မြန်မာနိုင်ငံတွင် အထက်တန်းကျောင်း၌ ရရှိခဲ့သော အမှတ်ဖြင့် မည်သည့်တက္ကသိုလ်တက်ရောက်နိုင်သည်ကို ဆုံးဖြတ်သည်။ ဆေးပညာ၊ စက်မှု၊ စီးပွားရေး စသည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ ရှိသည်။ လူအများစုက သက်မွေးပညာတက္ကသိုလ်များကို ပိုမိုနှစ်သက်ကြသည်။ အလုပ်ကောင်းကောင်းရရှိရေးအတွက် ကောလိပ်၌ အထူးပြု ဘာသာရွေးချယ်မှုမှာလည်း အရေးကြီးသည်။
စီးပွားရေးဘာသာရပ်များနှင့် အင်္ဂလိပ်စာတို့မှာ အလုပ်ရှင်များအား ဆွဲဆောင်နိုင်သည့် ဘာသာရပ်များတွင် အပါအဝင်ဖြစ်သည်။ စက်မှုလုပ်ငန်းအသက်မွေးမှုသင်တန်းကျောင်း (Entrepreneur Vocational Educational Training (TEVET)) တွင်လည်း တက်ရောက်သင်ကြားနိုင်သည်။ စက်မှုသင်တန်းများ၊ စိုက်ပျိုးရေးသင်တန်းများကို မြန်မာနိုင်ငံရှိ ၎င်းကျောင်းတွင် တက်ရောက်နိုင်သည်။
ပုဂ္ဂလိကကောလိပ်နှင့် နိုင်ငံခြားကောလိပ်များ တက်ရောက်ခြင်းသည်လည်း အခြားရွေးချယ်နိုင်သောအရာများ ဖြစ်သည်။ သို့သော် ထိုကျောင်းများတွင် အစိုးရကျောင်းများထက် ကျောင်းစရိတ်နှင့် နေထိုင်စရိတ် ပိုမိုကြီးမားသဖြင့် ကျောင်းသားအရေအတွက် အနည်းငယ်သာ ထိုကျောင်းများကိုရွေးချယ်တက်ရောက်နိုင်ကြသည်။
ဘွဲ့သင်တန်းမှာ ၄ နှစ် ဖြစ်သော်လည်း အချို့ သက်မွေးပညာရပ် များမှာ အချိန်ပိုကြာသည်။ ဥပမာ
- -ဆေးပညာဘွဲ့မှာ ၆ နှစ်ကြာသည်။
- အင်ဂျင်နီယာဘွဲ့မှာ ၆ နှစ်ကြာသည်။
- အိုင်တီဘွဲ့မှာ ၅ နှစ် ကြာသည်။
သင်တက်ရောက်သည့်တက္ကသိုလ်မှာ သင်နေထိုင်သည့် မြို့တွင် တည်ရှိပါက အိမ်မှနေ၍ ကျောင်းတက်နိုင်သည်။ တခြားမြို့ရှိ တက္ကသိုလ်ကို တက်ပါက ကျောင်းဆောင်နေခွင့် လျှောက်နိုင်သည် သို့မဟုတ် သက်သာသည့် အပြင်ဆောင်တွင် နေထိုင်နိုင်သည်။
ကောလိပ်အတွက် ငွေကြေးထောက်ပံ့မှုမှာ မိဘများ၏ ဝင်ငွေနှင့် အထောက်အပံ့အပေါ် လုံးဝနီးပါးမှီခိုနေသည်။
အထက်တန်းကျောင်းတွင် သင်ရရှိခဲ့သည့် အမှတ်နှင့် မိဘများမှ သင်၏အဆင့်မြင့်ပညာရေးအတွက် ငွေကြေးတတ်နိုင်မှုတို့အပေါ် မူတည်၍ အဆင့်မြင့်ပညာရေးလမ်းကြောင်းများကို သင် ရွေးချယ် နိုင်သည်။
- လေးနှစ် ကောလိပ်။ – အလုပ်ရှာရာတွင် ဘွဲ့ရတစ်ဦးဖြစ်နေရန် အလွန်အရေးကြီးသည်။ တက္ကသိုလ်တွင် အချိန်ပြည့် ကျောင်းတက်ခြင်းက အခြားနည်းလမ်းများထက် ကုန်ကျစရိတ်ပိုများသည်။
- အဝေးသင်ပညာရေး။ – အလုပ်ရှာဖွေရေးနှင့် ရာထူးတိုးမြှင့်ရေးအတွက် ဘွဲ့တစ်ခုရှိရန် အရေးကြီးသဖြင့် သင်သည် အချိန်ပြည့်ကျောင်း မတက်လိုပါက သို့မဟုတ် သင့်မိဘက ကျောင်းစရိတ် မတတ်နိုင်ပါက အဝေးသင်တက္ကသိုလ် တက်နိုင်သည်။ နေ့စဉ် ကျောင်းတက်ရန် မလိုအပ်ဘဲ စာသင်နိုင်သဖြင့် ကျောင်းသားများမှာ တစ်ပြိုင်တည်းတွင် ကျောင်းလည်းတက်နိုင်၊ အလုပ်လည်း လုပ်နိုင်ကြသည်။
- TEVET – သင်တန်းကျောင်းများသို့ တက်ရောက်ခြင်းသည်လည်း ရွေးချယ်ဖွယ်ရာများထဲတွင်ပါဝင်သည်။ စက်မှုသင်တန်းကျောင်းများထံမှ အောင်လက်မှတ်သည် အလုပ်လျှောက်ထားရာတွင် မျက်နှာပန်းလှစေသည့်အတွက် ၎င်းသင်တန်းကျောင်းများကို လူကြိုက်များသည်။
အတန်းများ
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် သင်၏ အထက်တန်းအောင် လက်မှတ်သည် တစ်ခုတည်းသောလိုအပ်ချက်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲ
လက်ရှိအချိန်တွင် တချို့ဘွဲ့လွန်အတန်းများမှအပ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မရှိပါ။
အထက်တန်းအောင် ကျောင်းသားအားလုံးသည် တက္ကသိုလ်များ လမ်းညွှန်စာအုပ်အပါအဝင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရေးပုံစံများ ရရှိမည်ဖြစ်သည်။ တချို့တက္ကသိုလ်များတွင် သတင်းအချက်အလက်ပေးသည့် ဝက်ဘ်ဆိုဒ်များ ရှိသည်။