အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းတချို့က ပေးအပ်သော ငွေကြေး အထောက်အပံ့များရှိသော်လည်း ကျောင်းသားများ လက်လှမ်းမီနိုင်မှု နည်းပါးသည်။ ပညာရေးဝန်ကြီးဌာနကလည်း ငွေကြေး အထောက်အပံ့များ နှစ်စဉ်ပေးအပ်သည်။ ယင်းအထောက်အပံ့များ အလိုရှိလျှင် ကျောင်းသားများက လျှောက်ထားနိုင်သည်။ ငွေကြေးအထောက်အပံ့ပုံစံများမှာ ပညာရေးထောက်ပံ့ကြေးနှင့် ကျောင်းစရိတ်အခမဲ့တို့ ဖြစ်သည်။
- ပညာရေးထောက်ပံ့ကြေး။
အဆင့်မြင့်ပညာရေးအတွက် ထောက်ပံ့ရန် သင့်မိသားစုသည် ငွေကြေးချို့တဲ့ပါက ပညာရေးထောက်ပံ့ကြေး လျှောက်ထားနိုင်သည်။ တစ်နှစ်လျှင် ၁၀ လစာ ပေးသည်။ နှစ်စဉ် တက္ကသိုလ် တစ်ခုစီမှ ကျောင်းသား ၂၀ ကို ရွေးချယ်ပေးအပ်သည်။ - အခမဲ့ကျောင်းစရိတ်။
အဆင့်မြင့်ပညာရေးအတွက် ထောက်ပံ့ရန် သင့်မိသားစုမှာ ငွေကြေးချို့တဲ့ပြီး အခြား ထောက်ပံ့ကြေးလည်း မရရှိပါက အခမဲ့ကျောင်းစရိတ်အတွက် လျှောက်ထားနိုင်သည်။ ယင်းအထောက်အပံ့မှာလည်း ကျောင်းသား ၂၀ အတွက်သာ ကန့်သတ်ထားသည်။