မည်သည့် အားလပ်ရက်ခရီးသွားအတွက်မဆို ဖော်ပြပါအချက်အလက်များသည် သုံးစွဲငွေစာရင်းကို သင့်တင့်လျောက်ပတ်အောင်ရေးဆွဲနိုင်ရန် အကြံပြုထားပါသည်။
၁။ သင် တတ်နိုင်သလောက်သာ သုံးစွဲပါ။
ခရီးသွားအသုံးစရိတ်အတွက်ဖြစ်နိုင်ချေနှင့် တတ်နိုင်ချေရှိသော ရည်မှန်းချက်များကိုချမှတ်ပါ။ ခရီးသွားစဉ် အလွန်အကျွံသုံးစွဲခြင်းသည် ခရီးမှ ပြန်ရောက်လာချိန်တွင် ငွေကုန်ကြေးကျများခဲ့သောကြောင့် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါသည်။
၂။ ခရီးသွားအသုံးစရိတ်သီးသန့် စတင်စုလိုက်ပါ။
သင့်ထံတွင် သတ်မှတ်ထားသောခရီးစဉ်နှင့် အစီအစဉ်တစ်ရပ်ကို စိတ်တွင်ချမှတ်ထားပါက ငွေစုဆောင်းရသည်မှာ ပိုမိုလွယ်ကူပါသည်။ မည်သည့်နေရာသို့သွားလိုသည်၊ မည်မျှကုန်ကျနိုင်သည်ကို လေ့လာထားခြင်း၊ ပုံမှန်စုဆောင်းခြင်းများကို ကြိုတင်စီမံထားပါ။
၃။ ခရီးစဉ် အတွက် ငွေစာရင်းတစ်ခု ဖန်တီးပါ။
အင်တာနက်ပေါ်မှ အခမဲ့ ခရီးစဉ်တွက်ချက်နည်း တွက်ချက်နည်းကိုအသုံးပြုကာ ဓာတ်ဆီစရိတ်၊ တည်းခိုခ၊ အစားအသောက်နှင့် အခြားလိုအပ်သည်များကို တွက်ချက်ပါ။ ယခုတွက်ချက်နည်းကို iPhone အခမဲ့ အက်ပလီကေးရှင်းအဖြစ် iTunes တွင်လည်း ရရှိနိုင်ပါသည်။
၄။ လိုက်လံ ကြည့်ရှုဝယ်ယူပါ။
လေကြောင်းလိုင်း အမျိုးမျိုးများ၊ ဟိုတယ်များနှင့် ကားအဌားကုမ္ပဏီများမှ ဈေးနှုန်းများကို လွယ်လင့်တကူ လေ့လာနှိုင်းယှဉ်နိုင်ရန် အင်တာနက်ဝက်ဘ်ဆိုက်များတွင် သွားရောက်ကြည့်ရှုပါ။
၅။ သင့်ကိုယ်ကို ကာကွယ်ပါ။
လက်မှတ်များကိုမှာယူသည့်အခါ သင်အသုံးပြုသည့် အင်တာနက်စာမျက်နှာသည် တရားဝင်ခိုင်မာမှု ရှိပါစေ။ ခရီးသွားသည့်အခါ သက်သေခံပစ္စည်းများဖြစ်သော နိုင်ငံကူးလက်မှတ်၊ ယဉ်မောင်းလိုင်စင်၊ အကြွေးဝယ်ကတ်များ အစရှိသည်တို့ကို အလွယ်တကူ မမြင်နိုင်သော လုံခြုံသည့်နေရာတစ်ခုတွင်ထားပါ။ အကယ်၍ ခိုးယူခြင်းခံရပါကလည်း အထောက်အထားအနေဖြင့်ပြသနိုင်ရန် မိတ္တူများရေးဆွဲထားရန် မမေ့ပါနှင့်။ ခိုးယူခြင်းခံရပါက သက်သေခံပစ္စည်းများပြန်လည်ရရှိရေးအတွက် မိမိပိုင်ဆိုင်မှုများအတွက်ပြန်လည်ရယူခြင်း အကြံပြုချက်များကို ဖတ်ရှုပါ။
၆။ မထင်မှတ် ရုတ်တရက် ပေါ်ပေါက်လာတတ်သည့် အရာများအတွက် ပြင်ဆင်ထားပါ။
ဝန်စည်စလယ် အခကြေးငွေ၊ ပို့ဆောင်ခ အစရှိသကဲ့သို့သော အရာများကို ခရီးစဉ်ရေးဆွဲရာတွင် ထည့်သွင်းတွက်ချက်ရန်မမေ့ပါနှင့်။ ခရီးသွားကုန်ကျငွေ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းကို ထိုကဲ့သို့မျှော်လင့်မထားသည့် အသုံးစရိတ်များအတွက် ချပ်လှပ်ထားပါ။
၇။ နည်းပညာကို အသုံးချပါ။
သင့်ဖုန်းတွင် ပါရှိသော အက်ပလီကေးရှင်းနည်းပညာများဖြင့် ဟိုတယ်ဘွတ်ကင်များ၊ လေယာဉ်ခရီးစဉ် check in များ နှင့် ခရီးအစီအစဉ်ရေးဆွဲရာတွင် အသုံးပြုပါ။
၈။ နေထိုင်မှုများအတွက် ရွေးချယ်စရာများကို စဉ်းစားပါ။
အိမ်မျှဝေနေထိုင်ခြင်းကို ယခုအခါ လူအများ ပိုမိုလုပ်ဆောင်လာလျက်ရှိပြီး၊ အချို့နေရာများတွင် ဟိုတယ်များထက် ဈေးပိုမိုသက်သာပါသည်။ အဆောင်များသည်လည်း နေထိုင်စရိတ် သက်သာစေနိုင်ပါသည်။ သို့သော် မိမိအနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန် ပတ်ဝန်းကျင်ကို ကြိုတင်လေ့လာထားပြီး၊ မိမိပိုင်ပစ္စည်းများကိုလည်းဂရုစိုက်ပါ။
၉။ ဈေးနှုန်းသက်သာသော ပို့ဆောင်ရေး စနစ်ကို အသုံးပြုပါ။
လေယာဉ်လက်မှတ်ခနှင့် စက်သုံးဆီဈေးနှုန်းကို နှိုင်းယှဉ်ကြည့်ပါ။ ကိုယ်တိုင်ကားမောင်းသွားနိုင်သည့် ခရီးစဉ်ဖြစ်ပါက ကုန်ကျစရိတ်ပိုမိုသက်သာနိုင်ပါသည်။ ထို့အပြင် အများပြည်သူပို့ဆောင်ရေးစနစ်ကို အသုံးပြုခြင်းသည်လည်း ကုန်ကျစရိတ်သက်သာစေသည့် နည်းလမ်းတစ်ခုဖြစ်သည်ကိုလည်း မမေ့ပါနှင့်။
၁၀။ ကုန်ကျစရိတ်ကို ခွဲခြမ်းပါ။
အားလပ်ရက်ခရီးစဉ်အတွင်း သင့်မိတ်ဆွေ၊ မိသားစုဝင်များနှင့်အတူ တည်းခိုခန်းတွင် ပူးတွဲနေထိုင်ခြင်းဖြင့် ကုန်ကျစရိတ်များကို လျော့ချနိုင်ပါသည်။
ထိပ်တန်း ခရီးသွားခြင်းဆိုင်ရာ အရင်းအမြစ်များ
နေအိမ်အနီး အားလပ်ရက် အပန်းဖြေခြင်း
ထောင်နှင့်ချီ ကုန်ကျမည့် လေယာဉ်ခများ၊ တည်းခိုခန်းခများ သက်သာစေရန် အိမ်အနီးပတ်ဝန်းကျင်တွင် ကုန်ကျစရိတ်သက်သာသည့် အပန်းဖြေမှုများကို ပျော်ရွင်စွာခံစားလိုက်ပါ။ အိမ်အနီးတစ်ဝိုက် အားလပ်ရက်အတွင်း အပန်းဖြေမှုကို အကောင်းဆုံးဖြစ်စေရန် အောက်ပါနည်းလမ်းများကိုကြည့်ရှုပါ။
အပန်းဖြေ သင်္ဘောစီးခရီးစဉ်များ
အပန်းဖြေ သင်္ဘောစီးခရီးစဉ်တစ်ခုစီစဉ်ရန် သိရှိရန်လိုသမျှကိုရှာဖွေပါ။ သင်္ဘောဆိပ်ကမ်းတစ်ခုစီ၏ အကောင်းဆုံး ကမ်းလှမ်းမှုများကို ရှာဖွေပါ။