နှစ်သစ်ကူ
ငွေစာရင်းတစ်ခု ရေးဆွဲခြင်းဖြင့် စတင်လိုက်ပါ။
အသေးစိတ် လစဉ်ငွေစာရင်းသည် ငွေတောင်းခံလွှာများကို အချိန်မီပေးချေရာတွင် အထောက်အကူပြုပြီး အရေးပေါ်အခြေအနေများနှင့် ငွေကြေးဆိုင်ရာရည်မှန်းချက်များအတွက်လည်း ဖြည့်ဆည်းပေးပါသည်။ မည်သည့်အချိန်တွင် သင်၏ ငွေကြေးအခြေအနေကို နောက်ဆုံးအကြိမ် ပြန်လည်သုံးသတ်ကာ ငွေစာရင်းရေးဆွဲခဲ့ပါသနည်း။စတင်လိုက်ပါ။
ဘဏ္ဍာရေး လမ်းပြမြေပုံတစ်ခုကို ဖန်တီးပါ။
သင့်၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များမှာအဘယ်နည်း။ လူတိုင်းအနေဖြင့် အချိန်မည်မျှလိုသေးသည်ဖြစ်စေ၊ အငြိမ်းစားယူမှုကဲ့သို့အခြေခံအရပ်ရပ်အတွက် ပြင်ဆင်ရန်လိုအပ်ပြီး၊ အခြားသုံးစွဲမည့် ကုန်ကျစရိတ်များအတွက် စာရင်းပြုစုထားနိုင်ပါသည်။ အိမ် သို့မဟုတ် ကားကဲ့သို့သော ကြီးမားသောကုန်ကျစရိတ်အတွက် ကြိုတင်တွက်ချက်ထားပါ။ သင်၏ ရည်မှန်းချက်များပြည့်ဝစေမည့် ရည်မှန်းချက်တစ်ရပ်အတွက် စုဆောင်းနည် ကို အသုံးပြုပါ။
သင်မည်သည့်အရာအတွက် စုဆောင်းသည်ကို သိရှိထားပါ။
သင်၏ ငွေကြေးရည်မှန်းချက်များ မည်သို့ပင်ရှိပါစေ၊ ရည်မှန်းချက်များ ပြည့်ဝစေရန်အတွက် ယခုပင်စတင်လိုက်ပါ။ ပထမဦးဆုံး အရေးပေါ်ရန်ပုံငွေတစ်ရပ်အတွက် ငွေတစ်ချို့ကိုဖယ်ထားခြင်းဖြင့် စတင်လိုက်ပါ။ ထိုအခါ အခြား ရည်မှန်းချက်များအတွက် စုဆောင်းငွေ စတင်နိုင်ပါသည်။ ယခု အကြံပြုချက်များသည် သင့်ငွေကြေးအခြေအနေကို ဆန်းစစ်နိုင်ပြီး၊ ရည်မှန်းချက်များကိုလည်း အထမြောက်စေပါသည်။
ကြွေးမြီစာရင်းအကြောင်း သိရှိထားပါ။
သင့်ကြွေးမြီသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။ ကြွေးမြီနည်းရန် မည်သို့လုပ်ဆောင် နိုင်မည်နည်း။ ချေးငွေတစ်ရပ်ရယူနိုင်မည့် သတ်မှတ်ချက်၊ ကြွေးမြီများကို မည်သည်နှုန်းထားနှင့် ပေးဆပ်ရမည်ဆိုသည်တို့ကို သင်၏ လက်ရှိကြွေးမြီအပေါ်မူတည်၍ အဆုံးအဖြတ်ပေးပါသည်။
၎င်းအကြောင်းဆွေးနွေးပါ။
တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် မိသားစုတွေ့ဆုံကာ အိမ်၏ ဘဏ္ဍာရေးအခြေအနေကို ဆွေးနွေးသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်၏ငွေကြေးအခြေအနေကို သုံးသပ်နိုင်ပြီး အသုံးစရိတ်များကိုချိန်ညှိကာ ပြောင်းလဲမှုများရှိပါက မည်သို့မည်ပုံစုဆောင်းနိုင်မည်ကို သိရှိနိုင်မည်ဖြစ်သည်။
မျှဝေမည်
မျှဝေမည်